TSK

TSK · ရှင်လုကာခရစ်ဝင်။ 13:32

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

မြို့ အလယ် ၌ မင်း များတို့သည် ဟောက် သော ခြင်္သေ့ ဖြစ်ကြ၏။ တရားသူကြီး တို့သည် နံနက် တိုင်အောင် အဘယ်အရာကိုမျှမ ချန် မထား၊ ညဉ့် ၌ လှည့်လည်တတ် သောတောခွေး ဖြစ်ကြ၏။

မင်းကြီး သည် အလွန်ဝမ်းနည်း ခြင်းရှိ သော်လည်း ၊ ကျိန်ဆို ခြင်းကို၎င်း ၊ အပေါင်းအဖေါ် တို့၏ မျက်နှာကို၎င်း၊ ထောက် သောကြောင့်၊ ထိုမိန်းမငယ် ကို မ ငြင်း မပယ်လို ၍၊

ယေရှုပြု တော်မူသမျှ တို့ကို စော်ဘွား ဟေရုဒ် သည်ကြား လျှင် တွေးတော သောစိတ်ရှိ၏။ အကြောင်းမူကား ၊ လူအချို့ က၊ ယောဟန် သည် သေ ခြင်းမှ ထမြောက် လေပြီဟု ဆို ကြ၏။

ယေရှု ကလည်း၊ ငါသည် ငါ့ခမည်းတော် ၏အခွင့် နှင့် ကောင်း သောအမှု အများ တို့ကို သင် တို့အားပြ ပြီ။ ထိုအမှု တို့တွင် အဘယ် မည်သောအမှု ကြောင့် ငါ့ ကို ခဲ နှင့်ပစ်ကြမည်နည်း ဟု မေး တော်မူလျှင်၊

အကျွန်ုပ် သည် မြေကြီး ပေါ်မှာ ကိုယ်တော် ကို ဘုန်း ထင်ရှားစေပါပြီ။ အကျွန်ုပ်ဆောင်ရွက် စရာဘို့ အကျွန်ုပ် အပ်ပေး တော်မူသောအမှု ကို အကျွန်ုပ်ဆောင်ရွက်၍ ပြီး ပါပြီ။

အကြောင်းမူကား ၊ များစွာ သော သား တို့ကို ကယ်တင် ၍၊ ဘုန်း စည်းစိမ်စံစားရာသို့ ပို့ဆောင် သော အရှင် သည်၊ ဒုက္ခ ဝေဒနာအားဖြင့် စုံလင် ခြင်းသို့ ရောက် ရမည်အကြောင်း၊ ခပ်သိမ်း သောအရာတို့ကို ဖန်ဆင်း၍ အုပ်စိုးတော်မူသောဘုရားသည် စီရင်တော်မူအပ်၏

ပညတ် တရားသည် အပြစ် ရှိ သောသူ တို့ကို ယဇ်ပုရောဟိတ် အရာ၌ ခန့်ထား ၏။ ပညတ်တရား နောက် ၌ ကျိန်ဆို တော်မူသော ဗျာဒိတ် တော်မူကား ၊ အစဉ်အမြဲ စုံလင် ခြင်းသို့ရောက်သော သား တော်ကို ခန့်ထား သတည်း။