တောခွေး စု ထဲသို့ သိုး တို့ကို စေလွှတ်သကဲ့သို့ သင် တို့ကို ငါ စေလွှတ် ၏။ ထိုကြောင့် သင်တို့သည် မြွေ ကဲ့သို့ လိမ္မာ လျက် ၊ ချိုးငှက် ကဲ့သို့ အဆိပ်ကင်း လျက် ရှိ ကြလော့။
TSK
TSK · ရှင်လုကာခရစ်ဝင်။ 21:12
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ထို့ကြောင့် ဗျာဒိတ်တော်အချက်ဟူမူကား ပရောဖက် ပညာရှိ ကျမ်းပြု ဆရာတို့ကို သင် တို့ရှိရာ သို့ ငါ စေလွှတ် ၏။ ထိုသူ အချို့တို့ကိုကွပ်မျက် ၍ လက်ဝါးကပ်တိုင် ၌သတ်ကြလိမ့်မည်။ အချို့တို့ကို တရားစရပ် ၌ ရိုက် ၍ တစ် မြို့မှ တစ် မြို့သို့ ညှဉ်းဆဲ နှင်ထုတ်ကြလိမ့်မည်။
သင် တို့သည် ကိုယ်ကိုကိုယ် သတိပြု ကြလော့။ အကြောင်းမူကား၊ သင် တို့ကို လွှတ်ရုံး သို့ အပ်နှံ ကြလိမ့်မည်။ တရားစရပ် တို့၌ ရိုက် ကြလိမ့်မည်။ ထိုသူ တို့အား သက်သေ ဖြစ်မည်အကြောင်း၊ သင်တို့သည်ဝန်မင်း ၊ ရှင်ဘုရင် ထံသို့ ငါ့ ကြောင့် ရောက် ကြလိမ့်မည်။”
ကျွန် သည် မိမိ သခင် ထက်သာ၍ ကြီးမြတ်သည်မ ဟုတ် ဟု ငါ ပြော ခဲ့ပြီးသောစကား ကို အောက်မေ့ ကြ လော့။ သူတို့သည်ငါ့ ကိုညှဉ်းဆဲ လျှင် သင် တို့ကို ညှဉ်းဆဲ ကြလိမ့်မည်။ ငါ့ စကား ကိုနားထောင် လျှင် သင် တို့၏ စကားကို နားထောင် ကြလိမ့်မည်။
တမန်တော် တို့ကိုဘမ်းဆီး ပြီးမှ ၊ ည အချိန်ဖြစ် သောကြောင့် နက်ဖြန် နေ့တိုင်အောင် နှောင် အိမ်၌ ချုပ် ထားကြ၏။
ထို စကားကို နားထောင် ကြသဖြင့်၊ တမန်တော် တို့ကိုခေါ် ၍ ရိုက်နှက် ပြီးမှ၊ ယေရှု ၏နာမ ကို အမှီပြု လျက် မ ဟော မပြောမည်အကြောင်း တားမြစ် ထား၍ လွှတ် ကြ ၏။
ထိုသူ တို့သည် ပြင်းစွာ သော အသံ နှင့် ဟစ်ကြော် ၍ နား ကိုပိတ်ဆို့ လျက် သူ့ ဆီသို့ ညီညွတ် စွာ တဟုန်တည်း ပြေး၍ ၊
ရှောလုသည် မြေ ပေါ်မှာ လဲ ၍ နေစဉ်၊ ရှောလု ၊ ရှောလု ၊ အဘယ်ကြောင့် ငါ့ ကိုညှဉ်းဆဲ သနည်းဟု မိမိ အား ပြော သောစကား သံကို ကြား လျှင်၊
စုဝေး သောလူတို့သည် သူ တို့တစ်ဘက် ၌ တပြိုင်နက် ထကြ၏။ စစ်ကဲ မင်းတို့လည်း သူ တို့၏ အဝတ် ကိုချွတ် ၍ကြိမ်လုံးနှင့်ရိုက် စေခြင်းငှာစီရင် ကြ၏။
နက်ဖြန် နေ့တွင် အဘယ် အပြစ် ကို ယုဒ လူတို့သည် ပေါလု၌ တင်ကြသည်ကို စစ်သူကြီးသည် အမှန် သိ လို သောကြောင့်၊ ပေါလု ၌ ချည်နှောင်သောသံကြိုးကို ချွတ် ၍၊ ယဇ်ပုရောဟိတ် အကြီးတို့နှင့် လွှတ် အရာရှိ အပေါင်း တို့ကို စည်းဝေး စေခြင်းငှာစီရင် ပြီးလျှင် ၊ ပေါလု ကိုခေါ် ၍ သူ တို့ရှေ့ ၌ထား လေ၏။
¶ ဖေတ္တု မင်းသည် ထိုပြည် သို့ရောက် ၍ သုံး ရက် ရှိ သောအခါ ၊ ကဲသရိ မြို့မှ ယေရုရှလင် မြို့သို့ တက်သွား ၏။
အဂြိပ္ပ မင်းကလည်း ၊ ထိုသူ ၏စကား ကို ကျွန်ုပ်သည် ကိုယ်တိုင် နားထောင်ချင် ဘွယ်ဖြစ်သည်ဟု ဆိုလျှင်၊ ဖေတ္တုမင်းက၊ နက်ဖြန် နေ့၌ သူ ၏စကားကိုနားထောင် ပါလော့ဟု ဆို၏ ။
ယုဒလူတို့သည် သခင် ယေရှု မှစ၍ ပရောဖက် များကို အသေသတ် ကြပြီ။ ငါ တို့ကိုလည်း ညှဉ်းဆဲ ကြပြီ။ ဘုရားသခင် ၏ အလို တော် သို့မ လိုက်၊ ခပ်သိမ်း သောလူ တို့နှင့် ဆန့်ကျင်ဘက် ဖြစ်ကြ၏။
ချစ်သူ တို့၊ သင် တို့ကို စုံစမ်း စရာဘို့ ယခုခံရသော မီး စစ်ခြင်းအရာကိုကား၊ သင် တို့၌ အံ့ဩဘွယ် သောအရာဖြစ်သည်ဟု ထင်မှတ်၍၊ အံ့ဩ ခြင်းမ ရှိကြနှင့်။