TSK

TSK · ရှင်လုကာခရစ်ဝင်။ 21:8

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

¶ ယေရှု ကလည်း ၊ သင် တို့ကို အဘယ်သူ မျှ မ လှည့်ဖြား စေခြင်းငှာသတိပြု ကြလော့။

ထိုအခါ သူတစ်ပါး က ဤ အရပ်၌ ခရစ်တော် ရှိသည်၊ ထို အရပ်၌ရှိသည်ဟု ဆို သော်လည်း မ ယုံ ကြနှင့်။

ထိုအခါ သူတစ်ပါး က၊ ဤ အရပ်၌ ခရစ်တော် ရှိသည်၊ ထို အရပ်၌ရှိသည်ဟုဆို သော်လည်း မ ယုံ ကြနှင့်။”

ငါ သည်ခမည်းတော် ၏အခွင့် နှင့် ရောက်လာ သော်လည်းသင်တို့သည်ငါ့ ကို လက် မ ခံကြ။ အခြား သောသူသည် မိမိ အခွင့် နှင့် ရောက်လာ လျှင် ထိုသူ ကို လက်ခံ ကြလိမ့်မည်။

အကြောင်းမူကား ၊ အထက် က သုဒ အမည်ရှိသောသူတစ်ယောက်သည်ထ သဖြင့်၊ ငါ သည်လူ သာမည မဟုတ်ဟု ဆို သည်ဖြစ်၍၊ သူ ၌ လူ လေးရာ မျှလောက် ဆည်းကပ် ကြ၏။ ထိုသူ သည် ပျက်စီး ခြင်းသို့ ရောက် ၍ သူ့ ကိုယုံကြည် သမျှ သော သူတို့သည် ကွဲပြား ပျောက်ပျက်ကြ၏။

အကြောင်းမူကား ၊ ထိုသူ တို့သည် မိစ္ဆာ တမန်တော်ဖြစ်ကြ၏။ ခရစ်တော် ၏ တမန် ဖြစ်ယောင်ဆောင် လှည့်ဖြား တတ်သော အမှု စောင့်ဖြစ်ကြ၏။

အဘယ်သူ မျှသင် တို့ကို အဘယ်သို့ သောအားဖြင့် မ လှည့်ဖြား စေနှင့်၊ ထိုနေ့ရက်မ ရောက် မှီ ဖောက်ပြန် သင်းခွဲသည့်အရင် ဖြစ်၍၊ ဒုစရိုက် လူ တည်းဟူသောပျက်စီး ခြင်း၏ သား သည်ပေါ်လာ ရလိမ့်မည်။

ဆိုးညစ် သောသူ၊ လှည့်ဖြား သောသူတို့မူကား ၊ သူတစ်ပါး ကို၎င်း၊ ကိုယ်ကို၎င်းလှည့်ဖြား ၍ ဆိုးညစ် ခြင်း၌ တရွေ့ရွေ့တိုးပွား ကြလိမ့်မည်။

လူဇာတိ အားဖြင့် ကြွလာ တော်မူသော ယေရှု ခရစ် ကို ငြင်းပယ် လျက်၊ လှည့်ဖြား သော သူအများ တို့သည် လောက ထဲသို့ ဝင် ကြပြီ။ ထိုသို့သောသူသည် လှည့်ဖြား သောသူ ဖြစ် ၏။ အန္တိခရစ် လည်း ဖြစ်၏။