TSK

TSK · ရှင်လုကာခရစ်ဝင်။ 6:39

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ဤ လူမျိုး ကို လမ်းပြ သောသူတို့သည် လမ်းလွဲ စေခြင်းငှါ ပြ ကြ၏။ လိုက်သောသူတို့သည်လည်း ပျက်စီး ခြင်းသို့ ရောက် ကြလိမ့်မည်။

သူတို့သည် ရွံရှာ ဘွယ်သော အမှုကိုပြု ပြီးမှ ရှက် ကြသလော။ အလျှင်းမ ရှက် ကြ။ မျက်နှာ မ ပျက် တတ်ကြ။ ထိုကြောင့်၊ တယောက်နောက်တယောက်လဲ ကြ လိမ့်မည်။ ငါစစ်ကြော သောအခါ နှိမ့်ချ ခြင်းသို့ ရောက်ကြ လိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။

ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဤ ပြည် ၌ ထား ဘေး၊ မွတ်သိပ် ခြင်း ဘေးမ ရှိ ရဟု၊ ငါ မ စေလွှတ် ဘဲ ၊ ငါ့ နာမ ကို အမှီပြု ၍၊ ကိုယ်အလိုအလျောက်ဟောပြော သော ပရောဖက် တို့သည် ထား ဘေး၊ မွတ်သိပ် ခြင်း ဘေးဖြင့် ဆုံး ရကြလိမ့်မည်။

လမ်းပြ သောလူကန်း တို့၊ သင် တို့သည် အမင်္ဂလာ ရှိကြ၏။ ဗိမာန် တော်ကိုတိုင်တည် ၍ ကျိန်ဆို ခြင်းကို ပြုလျှင်မ တည် ။ ဗိမာန် တော်၏ ရွှေ ကိုတိုင်တည်၍ ကျိန်ဆို ခြင်းကိုပြုလျှင် တည်သည်ဟုသင်တို့ဆို ကြ၏။

လူကန်း တို့အား လမ်းပြ သောသူ၊ မှောင်မိုက် ၌ နေသောသူ တို့ကို လင်း စေသောသူ၊

ဆိုးညစ် သောသူ၊ လှည့်ဖြား သောသူတို့မူကား ၊ သူတစ်ပါး ကို၎င်း၊ ကိုယ်ကို၎င်းလှည့်ဖြား ၍ ဆိုးညစ် ခြင်း၌ တရွေ့ရွေ့တိုးပွား ကြလိမ့်မည်။