TSK

TSK · ရှင်လုကာခရစ်ဝင်။ 8:21

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

သခင် ၊ သခင် ဟု ငါ့ ကိုလျှောက် သောသူ တိုင်း ကောင်းကင် နိုင်ငံ တော်သို့ ဝင် ရလိမ့်မည်မ ဟုတ်။ ကောင်းကင် ဘုံ၌ ရှိတော်မူသော ငါ့ ခမည်းတော် ၏အလို ကိုဆောင် သောသူ သာလျှင် ဝင်ရလိမ့်မည်။

မင်းကြီး က၊ ငါအမှန် ဆို သည်ကား၊ သင်တို့သည် ဤ သူတည်းဟူသောငါ့ ညီ တို့တွင် အငယ်ဆုံး သော သူ တစ်ယောက်အား ပြု ကြသမျှ တို့ကို ငါ့ အား ပြု ကြပြီဟု ပြန်၍မိန့် တော်မူလတံ့။

ယေရှု ကလည်း ကြောက်ရွံ့ ခြင်းမ ရှိကြနှင့်။ သွား ကြလော့။ ငါ့ ညီ တို့သည် ဂါလိလဲ ပြည်သို့ သွား စေခြင်းငှာဤသိတင်းစကားကို ကြားပြော ကြလော့။ ထို ပြည်၌ သူတို့သည် ငါ့ ကိုတွေ့မြင် ရကြလိမ့်မည် ဟု မိန့် တော်မူ၏။

¶ ထိုသို့ မိန့် တော်မူစဉ် တွင်မိန်းမ တစ် ယောက်သည် လူအစုအဝေး ထဲက ခေါ် ၍ ကိုယ်တော် ကို လွယ် သော ဝမ်း နှင့် စို့ တော်မူသောသားမြတ် သည်မင်္ဂလာ ရှိပါ၏ဟု လျှောက် လျှင်၊

ယေရှု ကလည်း၊ ငါ့ ကိုမ ဘက် နှင့်ဦး။ ငါသည် ငါ့ခမည်းတော် ထံသို့ မ တက် ရသေး။ ငါ့ ညီ တို့ရှိရာသို့ သွား လော့။ ငါ ၏ခမည်းတော် တည်းဟူသောသင် တို့၏ခမည်းတော် ၊ ငါ ၏ဘုရားသခင် တည်းဟူသောသင် တို့၏ ဘုရားသခင် ထံတော်သို့ ငါတက် ရမည်အကြောင်းအရာကို ကြားပြော လော့ ဟု မိန့် တော်မူသည်နှင့်အညီ၊

သင် တို့၏အဘ ဖြစ် မည်။ သင် တို့သည်လည်း ငါ ၏သား သမီး ဖြစ် ကြလိမ့်မည်ဟု အနန္တ တန်ခိုးနှင့် ပြည့်စုံသောထာဝရ ဘုရား မိန့် တော်မူ၏။

ကိုယ်ကိုကိုယ် လှည့်ဖြား ၍ ၊ နှုတ်ကပတ် တရားကို နာ ရုံမျှသာ ပြုသောသူမ ဟုတ်၊ တရားကိုကျင့်သောသူ ဖြစ် ကြလော့။

ငါတို့သည် ပညတ် တော်တို့ကို စောင့်ရှောက် ၍ ၊ နှစ်သက် တော်မူသောအကျင့် တို့ကို ကျင့်သောကြောင့် ၊ ဆုတောင်း သမျှ တို့ကိုဘုရားသခင့် ထံ တော်မှရ ကြ၏။