ယုဒ အမျိုး ကို၎င်း၊ ချစ် တော်မူသော ဇိအုန် တောင် ကို၎င်း ရွေး တော်မူ၏။
TSK
TSK · ရှင်မာကုခရစ်ဝင်။ 12:1
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
နှုတ်ကပတ် အမိန့်တော်ကို ယာကုပ် အမျိုး၌ ၎င်း၊ စီရင် ထုံးဖွဲ့တော်မူချက်များကို ဣသရေလ အမျိုး၌ ၎င်း ဘော်ပြ တော်မူ၏။
¶ ငါ ချစ် ရာသခင်၏ စပျစ် ဥယျာဉ်တော်ကို အကြောင်း ပြု၍၊ မေတ္တာသီချင်း ကို ရှေ့တော်၌ဆို ပေအံ့။ မြေ ကောင်းသော တောင် ပေါ် မှာ ငါ ချစ်ရာ သခင်၏ စပျစ် ဥယျာဉ်တော်တဆူရှိ ၏။
အကောင်းဆုံးသော စပျစ် နွယ်ပင်အမျိုး စစ် ဖြစ်သော သင့် ကို ငါ စိုက်ပျိုး သော်လည်း ၊ သင်သည် ငါ့ ရှေ့ မှာ အဘယ် မျှလောက်ဖောက်ပြန် ၍၊ အမျိုး မစစ်သော စပျစ် နွယ်ပင်ဖြစ်ပါသည်တကား။
သား မြေးတို့အား လည်း၊ သင် တို့၏ ဘိုးဘေး စီရင် ထုံးဖွဲ့ချက်တို့ကို မ စောင့်ရှောက် ကြနှင့်။ သူ တို့၏ ရုပ်တု များအားဖြင့် ကိုယ်ကိုမ ညစ်ညူး စေကြနှင့်။
တပည့် တော်တို့သည် ချဉ်းကပ် လျက် ၊ ကိုယ်တော်သည် အဘယ်ကြောင့် ဥပမာ ကိုဆောင်၍ ဤလူ တို့အား ဟောပြော တော်မူသနည်းဟု မေးလျှောက် ကြလျှင်၊
သင် တို့သည် အဘယ်သို့ ထင် ကြသနည်း။ တစ်စုံတစ်ယောက်သောသူ ၌ သား နှစ် ယောက်ရှိ ၏။ သားအကြီး ဆီသို့သွား ၍ ငါ့သား ၊ ယနေ့ ငါ့စပျစ် ဥယျာဉ်သို့ သွား ၍ လုပ်ဆောင် လော့ဟုဆို လျှင် ၊
ထိုအခါ ဥပမာ စကားအားဖြင့် များစွာ သောဆုံးမ ဩဝါဒကို ပေး၍ မြွက်ဆို တော်မူသည်မှာ၊
¶ ထိုသို့သော ဥပမာ စကားများ အားဖြင့်ကိုယ်တော်သည် ပရိသတ်များနားထောင် နိုင် သည်အတိုင်း တရား ဟော တော်မူ၏။
ဥပမာ ကား၊ လူ တစ်ဦးသည် အခြားသောပြည်သို့ သွား မည်အကြံရှိသည်နှင့် မိမိ အိမ် ကို ငယ်သား တို့ လက်သို့အပ် ၍၊ သူ တို့ဆောင်ရွက် စရာအမှုကို အသီးအသီး ခွဲခန့် စီမံ၍ ၊ တံခါးမှူး ကိုစောင့် နေစေဟု မှာထား ပြီးမှသွား သည်ဖြစ်၍၊”
¶ တစ်ဖန် ဥပမာ ကို မိန့် တော်မူသည်ကား၊ လူတစ် ယောက်သည် ဥယျာဉ် ၌ စိုက် သော သင်္ဘောသဖန်း ပင် တစ်ပင်ရှိ ၏။ ထိုအပင် သို့ လာ ၍ အသီး ကိုရှာ သော်လည်းမ တွေ့ ။
အမတ် တစ် ယောက်သည် မင်းကြီး အရာကို ခံ လို၍ မိမိ ပြည် သို့ ပြန်လာ မည်ဟု အကြံရှိလျက် ဝေး သော ပြည် သို့ သွား ၏။
သူတို့ကလည်း ၊ အဘယ် အရပ်၌ ပြင်ဆင် စေခြင်းငှာအလိုရှိ တော်မူသနည်းဟု မေးလျှောက် ကြသော်၊
ထို သူ သည် တော တွင် ရှိ သော အစည်းအဝေး ၌ ၎င်း၊ သိနာ တောင် ပေါ်မှာ သူ့ ကိုနှုတ်ဆက် သော ကောင်းကင်တမန် နှင့် ၎င်း၊ ငါ တို့ အဘ များနှင့် ၎င်းရှိ ၏။ ထိုသူ သည် ငါ တို့အား အပ်ပေး ခြင်းငှာအသက် ရှင်စေသော ဗျာဒိတ် တော်ကိုခံ လေ၏။
¶ ထိုသို့ဖြစ်လျှင် ၊ ယုဒ လူသည်အဘယ်သို့ သာ သနည်း။ အရေဖျားလှီး ခြင်းအားဖြင့်အဘယ် အကျိုး ရှိသနည်း။
အချို့ သောအခက် တို့ကို ချိုးဖဲ့ ပြီးမှ ၊ ရိုင်း သော သံလွင်ပင်တည်းဟူသောသင်ကို အထက်ငုတ်၌ ဆက် ၍ စိုက်သဖြင့်၊ အခက်များနှင့်အတူသံလွင် ပင်အမြစ် ကို၎င်း၊ အဆသြဇာကို၎င်း ဆက်ဆံလျှင်၊ ချိုးဖဲ့သော အခက် တို့ကို ကဲ့ရဲ့ဝါကြွား ခြင်းမ ရှိနှင့်။