TSK

TSK · ရှင်မာကုခရစ်ဝင်။ 13:6

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ထာဝရဘုရား က၊ ထိုပရောဖက် တို့သည် ငါ ၏ နာမ ကိုအမှီပြု ၍ မုသာ ကို ဟော တတ်ကြ၏။ သူ တို့ကို ငါမ စေလွှတ် ၊ မ မှာ ထား၊ ဗျာဒိတ် မ ပေး။ သူတို့ ဟောပြော ချက်တို့သည် မျက်စိကို လှည့် ခြင်း၊ နတ် ပူးခြင်း၊ အချည်းနှီး ကြံစည်ခြင်း၊ မိမိ ဉာဏ် အတိုင်း လှည့်စား ခြင်း သက်သက်ဖြစ်ကြ၏။

အများ သောသူတို့က၊ ငါ သည် ခရစ်တော် ဖြစ် ၏ဟု ဆို လျက်၊ ငါ ၏အယောင် ကိုဆောင် ၍ ပေါ်လာ သဖြင့် လူအများ တို့ကို လှည့်ဖြား ကြလိမ့်မည်။

ထိုအခါ သူတစ်ပါး က ဤ အရပ်၌ ခရစ်တော် ရှိသည်၊ ထို အရပ်၌ရှိသည်ဟု ဆို သော်လည်း မ ယုံ ကြနှင့်။

ငါ သည်ခမည်းတော် ၏အခွင့် နှင့် ရောက်လာ သော်လည်းသင်တို့သည်ငါ့ ကို လက် မ ခံကြ။ အခြား သောသူသည် မိမိ အခွင့် နှင့် ရောက်လာ လျှင် ထိုသူ ကို လက်ခံ ကြလိမ့်မည်။

အကြောင်းမူကား ၊ အထက် က သုဒ အမည်ရှိသောသူတစ်ယောက်သည်ထ သဖြင့်၊ ငါ သည်လူ သာမည မဟုတ်ဟု ဆို သည်ဖြစ်၍၊ သူ ၌ လူ လေးရာ မျှလောက် ဆည်းကပ် ကြ၏။ ထိုသူ သည် ပျက်စီး ခြင်းသို့ ရောက် ၍ သူ့ ကိုယုံကြည် သမျှ သော သူတို့သည် ကွဲပြား ပျောက်ပျက်ကြ၏။