လူ တို့ကို သတိပြု ကြ။ အကြောင်းမူကား ၊ သင် တို့ကို လွှတ်ရုံး သို့ အပ်နှံ ကြလိမ့်မည်။ တရားစရပ် တို့၌ ရိုက် ကြလိမ့်မည်။
TSK
TSK · ရှင်မာကုခရစ်ဝင်။ 13:9
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ထို ကာလ၌ လူများတို့သည် သင် တို့ကိုညှဉ်းဆဲ ခြင်း၊ အသေ သတ်ခြင်းကိုခံစေခြင်းငှာ အပ်နှံ ကြလိမ့်မည်။ ငါ ၏နာမ ကြောင့် လည်း ခပ်သိမ်း သောလူမျိုး တို့သည် သင်တို့ကို မုန်း ကြလိမ့်မည်။
အကြင်သူ တို့သည် သင် တို့ကို လက် မ ခံ၊ သင် တို့ စကားကိုနား မ ထောင်ဘဲနေ၏။ ထို သူတို့နေရာ အရပ်မှ ထွက်သွား စဉ်၊ သူ တို့တစ်ဘက်၌သက်သေ ဖြစ်စေခြင်းငှာ သင် တို့၏ခြေဘဝါး မှ မြေမှုန့် ကို ခါ လိုက်ကြ လော့။ ငါအမှန်ဆိုသည်ကား၊ တရားဆုံးဖြတ်သောနေ့၌ ထိုမြို့သည် သောဒုံမြို့နှင့် ဂေါမောရမြို့ထက်သာ ခံရလတံ့” ဟု မိန့်တော်မူ၏။
ထို သူတို့နေရာမြို့ မှ ထွက်သွား စဉ်၊ သူ တို့တစ်ဘက် ၌ သက်သေ ဖြစ်စေခြင်းငှာ သင် တို့၏ခြေဘဝါး မှ မြေမှုန့် ကို ခါ လိုက်ကြလော့ ဟု မိန့် တော်မူ၏။
ကျွန် သည် မိမိ သခင် ထက်သာ၍ ကြီးမြတ်သည်မ ဟုတ် ဟု ငါ ပြော ခဲ့ပြီးသောစကား ကို အောက်မေ့ ကြ လော့။ သူတို့သည်ငါ့ ကိုညှဉ်းဆဲ လျှင် သင် တို့ကို ညှဉ်းဆဲ ကြလိမ့်မည်။ ငါ့ စကား ကိုနားထောင် လျှင် သင် တို့၏ စကားကို နားထောင် ကြလိမ့်မည်။
¶ ထိုသို့ တမန်တော် တို့သည် လူ များတို့အား ဟောပြော စဉ်တွင်၊ ဗိမာန် တော်မှူး မှစသောယဇ်ပုရောဟိတ် တို့နှင့် ဇဒ္ဒုကဲ များတို့သည်လာ ကြသဖြင့်၊
ထိုအခါ ဤသူ သည် မောရှေ ကို၎င်း ၊ ဘုရားသခင် ကို၎င်း လွန်ကျူး ၍ ပြော သည်ကို ငါတို့ကြား ရပါပြီဟု သက်သေခံ မည့်သူ တို့ကို တိတ်ဆိတ် စွာခေါ်၍ ထားကြပြီးလျှင်၊
¶ ရှောလု သည်ကား၊ သခင်ဘုရား ၏ တပည့် တော်တို့တစ်ဘက်၌ ခြိမ်းချောက် ၍၊ အသေ သတ်ခြင်းငှာ ပြင်းစွာအသက်ရှူ သဖြင့်၊
အကြောင်းမူကား ၊ ထိုသူ သည်ငါ ၏နာမ ကြောင့် အဘယ်မျှလောက် ပင် ဆင်းရဲ ခံရမည်ကို ငါ သည် သူ့ အားပြ မည်။ ထိုကြောင့်သင်သွား လော့ဟု အာနနိ အား မိန့် တော်မူ၏။
စစ်ကဲ မင်းထံသို့ရောက် သောအခါ ဤ သူ တို့သည် ယုဒ လူဖြစ် လျက် ငါ တို့မြို့ ကို နှောင့်ရှက် တတ်ပါ၏။
ပေါလု ကိုသတ် မည်ဟု အားထုတ် ကြသောအခါ၊ ယေရုရှလင် မြို့ တစ်မြို့လုံးမငြိမ်မသက်ရုန်းရင်းခတ်မျှ ဖြစ်သည်ဟု လူတစ်ထောင်ကို အုပ်ချုပ် သော စစ်သူကြီး သည် သိတင်း ကြား လျှင်၊
¶ ပေါလု သည် လွှတ် အရာရှိတို့ကို စေ့စေ့ ကြည့်ရှု၍၊ ညီအစ်ကို တို့၊ အကျွန်ုပ် သည် ယနေ့ တိုင်အောင် ဘုရား ဝတ်ကို ပြုခြင်းအမှုမှာ၊ ကိုယ်စိတ်နှလုံးသည် ကိုယ်၌ အပြစ်တင်ခွင့်နှင့်ကင်းလွတ် လျက် ပြု ပါသည်ဟု ပြောဆို သော်၊
¶ ဖေတ္တု မင်းသည် ထိုပြည် သို့ရောက် ၍ သုံး ရက် ရှိ သောအခါ ၊ ကဲသရိ မြို့မှ ယေရုရှလင် မြို့သို့ တက်သွား ၏။
သူတို့သည်ခရစ်တော် ၏ ဓမ္မဆရာ ဖြစ် ကြသလော။ငါ သည် အထူးသဖြင့် ဖြစ်၏ဟု သူရူး ကဲ့သို့ဆို ရ၏။ ပင်ပန်းစွာအမှုကို အထူးသဖြင့်ဆောင်ရွက် သောသူ၊ ရိုက်ပုတ်ခြင်း၊ ထောင် ထဲ၌ လှောင်ထားခြင်းကို အထူးသဖြင့် ခံရသောသူ၊ သေ ဘေး နှင့် အကြိမ်ကြိမ် တွေ့ကြုံသောသူဖြစ်၏။
သင် တို့သည် ဘုရားသခင် ၏နိုင်ငံ တော်အတွက် ဆင်းရဲ ခံရ၍၊ ထိုနိုင်ငံတော်ကို ဝင်စားထိုက်သည်ဟု မှတ်တော်မူခြင်းကို ခံရစေခြင်းငှာ ၊ တရား သဖြင့် ဘုရားသခင် စီရင် တော်မူခြင်းအမှုသည် ထိုသို့သောအားဖြင့်ထင်ရှား လျက်ရှိ၏။
သင်သည်ခံရမည့်အရာ တစ်စုံတစ်ခုကိုမျှ မ ကြောက် နှင့်။ သင်တို့သည် စုံစမ်း ခြင်းကိုခံရမည် အကြောင်း ၊ မာရ်နတ် သည် သင် တို့တွင် အချို့ကို ထောင် ထဲ၌ လှောင် ထား၍၊ သင်တို့သည် ဆယ် ရက် ပတ်လုံးဆင်းရဲ ဒုက္ခကိုခံရ ကြလိမ့်မည်။ သေ သည်တိုင်အောင် သစ္စာစောင့် လော့။ သို့ဖြစ်လျှင် ၊ အသက် သရဖူ ကို ငါပေး မည်။
ပဉ္စမ တံဆိပ် ကိုဖွင့် သောအခါ ၊ ဘုရားသခင် ၏ နှုတ်ကပတ် တော်ကြောင့် ၎င်း ၊ မိမိတို့သက်သေခံ ချက်ကြောင့် ၎င်း၊ အသေ သတ်ခြင်းကိုခံရသောသူ တို့၏ ဝိညာဉ် များကို ယဇ်ပလ္လင် အောက် ၌ ငါမြင် ၏။