TSK

TSK · ရှင်မာကုခရစ်ဝင်။ 3:27

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

¶ ထို ကာလ ၌ ထာဝရဘုရား သည် ပြေးတက် သော မြွေ လဝိသန် ကို ၎င်း၊ လိမ် သောမြွေ လဝိသန် ကို ၎င်း ခိုင်ခံ့ ကြီးမား သော ထား တော်နှင့် ဒဏ် ပေး၍ ၊ ပင်လယ် ၌ ရှိသော နဂါး ကိုလည်း သတ် တော်မူလိမ့်မည်။

ထိုသို့ မိမိ အသက် ကို သေ ခြင်း၌ သွန်း ၍၊ မတရား သောသူတို့ နှင့် ရေတွက်ဝင်ခြင်းသို့ ရောက်သဖြင့် ၊ လူများ တို့၏အပြစ် ကို ဆောင်ရွက် ၍ ၊ မတရား သောသူတို့ အဘို့ တောင်းပန် သောကြောင့် ၊ လူကြီး တို့ကို သူ ၏ အဘို့ဖြစ်စေခြင်းငှါ ငါခွဲ မည်။ အစွမ်းသတ္တိရှိသောသူတို့ ကို သူ၏လက်ရဥစ္စာကဲ့သို့၊ ကိုယ်တိုင်ဝေဖန်ရသောအခွင့် ရှိလိမ့်မည်။

သူရဲ ကို ရှေးဦးစွာ မ ချည် မနှောင်လျှင် ၊ အဘယ်သူ သည်သူရဲ အိမ် သို့ ဝင် ၍ သူ ၏ဥစ္စာ ကို လုယူ နိုင် အံ့နည်း။ သူရဲကို ချည်နှောင်ပြီးမှ သူ ၏အိမ် ကို လုယူ နိုင်၏။

သူရဲ သည် လက်နက်စုံ နှင့် မိမိ အိမ်ဦး ၌ စောင့် နေစဉ်အခါ သူ ၏ဥစ္စာ သည် လုံခြုံ စွာရှိ ၏။

ငြိမ်သက် ခြင်း၏ အရှင်ဘုရားသခင် သည် မ ကြာမမြင့်မှီ စာတန် ကို သင် တို့ခြေ အောက် ၌ နှိပ်စက် တော်မူမည်။ ငါ တို့သခင် ယေရှု ခရစ်၏ ကျေးဇူး တော်သည်သင် တို့၌ ရှိပါစေသော။

အထွဋ်အမြတ် ၊ အာဏာစက် များကို လုယူ လျှင် ၊ ထင်ရှား စွာ ထုတ်ပြ ၍လက်ဝါးကပ်တိုင် တော်အားဖြင့် အောင်ပွဲ ကို ခံတော်မူပြီ။။

မာရ်နတ် သည်ရှေ့ဦးစွာ မှစ၍ ဒုစရိုက် ကိုပြု သောသူ ဖြစ် သောကြောင့် ၊ အကြင်သူသည်ဒုစရိုက် ကို ပြု၏။ ထိုသူသည်မာရ်နတ် နှင့် ဆိုင်၏။ မာရ်နတ် အမှု တို့ကို ပယ်ဖျက် ခြင်းငှာ ၊ ဘုရားသခင် ၏ သား တော်သည် ထင်ရှား ပေါ်ထွန်းတော်မူ၏။

ကောင်းကင် ၌ စစ် ဖြစ် ၏။ မိက္ခေလ နှင့် သူ ၏ ကောင်းကင်တမန် တို့သည် နဂါး ကို စစ်တိုက် ကြ၏။ နဂါး နှင့် သူ ၏တမန် တို့သည် စစ်တိုက် ၍ မ နိုင် ကြ။ ကောင်းကင် ၌ လည်း သူ တို့နေစရာ မ ရှိ ။