ဘုရား သခင်၏ သား တို့သည်ထာဝရဘုရား ထံ တော်၌ ခစား ခြင်းငှါ လာ ရသော နေ့ ရက်အချိန် ရောက်လျှင် ၊ စာတန် သည်လည်း သူ တို့နှင့်ရောနှော၍လာ ၏။
TSK
TSK · ရှင်မာကုခရစ်ဝင်။ 4:15
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
¶ ယဇ် ပုရောဟိတ်မင်း ယောရှု သည် ထာဝရဘုရား ၏ ကောင်းကင် တမန်ရှေ့ ၌ ရပ် နေသည်ကို၎င်း၊ စာတန် သည် ရန်ဘက် ပြု၍ သူ ၏လက်ျာ ဘက်၌ ရပ် နေသည် ကို၎င်းငါ့ အားပြ တော်မူ၏။
လမ်း ၌ အစေ့ ကိုကြဲ ခြင်းအကြောင်းအရာကား၊ နိုင်ငံ တော်၏ တရား စကားကိုကြား ၍ နှလုံး မ သွင်းသည် ရှိသော်၊ နတ်ဆိုး လာ ၍ နှလုံး ၌ ကြဲ သောအစေ့ကို နှုတ်ယူ တတ်သည်ဟု ဆိုလိုသတည်း။
အစေ့ကို ကြဲ သည်တွင် အချို့ သောအစေ့တို့သည် လမ်း ၌ ကျ သဖြင့် ၊ မိုဃ်းကောင်းကင်ငှက် တို့သည် လာ ၍ ကောက်စား ကြ၏။”
ခေါ်အပ်သော သူအပေါင်း တို့သည် တစ်ညီတစ်ညွတ် တည်းပရိယာယ်ပြု ကြ၏။ တစ် ယောက်က၊ အကျွန်ုပ်သည် မြေရာ ကို ဝယ် ပါပြီ။ သွား ၍ ကြည့် ရ ပါမည်။ အကျွန်ုပ် ကို လွှတ် ပါဦးလော့ဟု တောင်းပန် လေ၏။
ထိုအခါ ဧပိကုရု တပည့်တို့နှင့် သတောအိတ် ပညာရှိ အချို့ တို့ သည် ပေါလု နှင့်ဆိုင်ပြိုင် ၍၊ အချို့ က၊ ဤ မရေရ သောလူသည် အဘယ်သို့ ပြော ချင် သနည်းဟု ဆို ၏။ အချို့ကလည်း၊ ဤသူသည် တစ်ကျွန်း တစ်နိုင်ငံနတ် ဘုရားတို့၏ အကြောင်းကို ဟောပြော သောသူ ဖြစ် ဟန် ရှိသည်ဟုဆို၏။ ဆိုသည်အကြောင်း ကား၊ ပေါလုသည် ယေရှု ၏ တရားနှင့် ထမြောက် ခြင်း တရားတည်းဟူသောဧဝံဂေလိတရားကို ဟော သတည်း။
ပေါလု သည် နှုတ် ကိုဖွင့် မည်ပြုသော်၊ ဂါလျူန် မင်းက၊ အချင်း ယုဒ လူတို့၊ မတရားသောအမှု ၊ ဆိုးယုတ် ညစ်ညူး သောအမှုဖြစ် လျှင် ၊ ငါသည်သင် တို့ကို အကြောင်း ရှိ သည်အတိုင်း သည်းခံ ရမည်။
အခြားသို့သွား ပြီးလျှင် ၊ ဤ သူ သည် အသေ သတ်ခြင်း၊ အကျဉ်း ထားခြင်းခံထိုက် သောအမှု ကို မ ပြု ဟု အချင်းချင်း ပြော ဆို ကြ၏။
ငါ တို့ဟောပြောသော ဧဝံဂေလိ တရားသည် ဖုံးအုပ် လျက် ရှိ လျှင် ၊ ဆုံးရှုံး ခြင်းသို့ရောက်သော သူ တို့အားသာ ဖုံးအုပ် လျက်ရှိ ၏။
¶ ထို့ကြောင့် ၊ ငါ တို့သည် ကြား ရသော ဒေသနာတော်ကို မ မေ့ မလျော့မည်အကြောင်း၊ စိတ်နှလုံး၌သာ၍ မှတ်မိ စွဲလမ်းခြင်းရှိရကြမည်
သမ္မာ သတိရှိလျက် မအိပ်ဘဲစောင့် နေကြလော့။ သင် တို့၏ ရန်သူ တည်းဟူသောမာရ်နတ် သည်၊ ဟောက် သောခြင်္သေ့ ကဲ့သို့ အဘယ်သူ ကို မျိုရ မည်နည်းဟူ၍လှည့်လည် ရှာဖွေ လျက်ရှိ၏။
ရှေး မြွေ ဟောင်း၊ မာရ်နတ် စာတန် တည်းဟူသော နဂါး ကို ကိုင်ဖမ်း ၍ ၊ အနှစ် တစ်ထောင် ဘို့ ချည်နှောင် လေ၏။
သူ တို့ကိုလှည့်ဖြား သောမာရ်နတ် ကိုလည်း ၊ သားရဲ နှင့် မိစ္ဆာ ပရောဖက်ရှိရာ ၊ ကန့် နှင့် ရောနှောသော မီး အိုင် ထဲသို့ ချပစ် လျှင်၊ သူတို့သည် နေ့ ညဉ့် မပြတ် ကမ္ဘာ အဆက်ဆက်ပြင်းစွာ သောဝေဒနာကို ခံရကြ လတံ့။