ထိုနောက် သုံး ရက် လွန်သောအခါ၊ ဖါရော မင်း ဘွား သောနေ့ရက် ၌ နှစ်စဉ်ပွဲ ကိုခံ ၍ ကျွန်တော် မျိုး အပေါင်း တို့ကို ကျွေးမွေးတော်မူစဉ်တွင်၊ ဖလား တော်ဝန် ၏ဦးခေါင်း နှင့် စား တော်ဝန်၏ဦးခေါင်း ကို ကျွန်တော် မျိုး တို့တွင် ဖေါ် တော်မူ၍၊
TSK
TSK · ရှင်မာကုခရစ်ဝင်။ 6:21
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ပေရသိ ဗိုလ် ၊ မေဒိ ဗိုလ်များ၊ အပြည် ပြည်သော မှူးမတ် ဝန်မင်းများတို့ကို ခေါ်၍၊ မှူး တော် မတ်တော် ကျွန် တော်အပေါင်း တို့အဘို့ ပွဲ လုပ် တော်မူ၏။
ထိုကြောင့်အာရွှေရု နန်းစံဆယ် နှစ် နှစ် ၊ နိသန် အမည်ရှိသောပဌမ လ တွင် ၊ နေ့ ရက်အစဉ်၊ လ အစဉ် အတိုင်းလိုက်၍၊ အာဒါ အမည် ရှိသောဒွါဒသမ လ တိုင်အောင်၊ ဟာမန် ရှေ့ မှာ ပုရ စာရေးတံ ချကြ၏။
အိုလေမွေလ ၊ စပျစ်ရည် သောက် သောအမှုနှင့် သေရည် သောက်သောအမှုသည် ရှင်ဘုရင် ၊ မင်းသား တို့နှင့် မ တော်မသင့်။
ငါ တို့ရှင်ဘုရင် ၏ နှစ်စဉ်ပွဲနေ့ ၌ မင်း တို့သည် စပျစ်ရည် အရှိန် နှင့် ယစ်မူး ၍ ရှင်ဘုရင်သည် မထီမဲ့မြင် ပြုသောသူတို့ ကို လက်ခံ တတ်၏။
ယောဟန် ၏အစ်ကို ဖြစ်သော ယာကုပ် ကို ဓား နှင့်ကွပ်မျက် လေ၏။
မြေကြီး ပေါ်မှာ နေ သော သူ တို့သည် ထိုအလောင်းကောင်တို့ကို မြင်သောအခါ၊ ဝမ်းမြောက် ၍ ပျော်မွေ့ ခြင်းကို ပြုကြလိမ့်မည်။ တစ်ယောက် ကိုတစ်ယောက် လက်ဆောင် ပေး လိုက်ကြလိမ့်မည်။ အကြောင်းမူကား ၊ အထက်က ထိုပရောဖက် နှစ် ပါးတို့သည် မြေကြီး ပေါ်မှာ နေ သောသူ တို့ကို ပြင်းစွာနှောင့်ရှက် ညှင်းဆဲကြသည်ဟု ငါ့အား ပြောဆိုလေ၏။