TSK

TSK · ရှင်မာကုခရစ်ဝင်။ 9:2

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

မောရှေ သည် မိမိ လက်ထောက် ယောရှု နှင့်အတူ ထ ၍ ဘုရား သခင်၏ တောင် တော်ပေါ် သို့ တက် သွား၏။

သင်သည် ရှင် ဘုရင်၏ တင့်တယ်ခြင်း အသရေ တော်ကို ကိုယ် မျက်စိ နှင့် မြင် ရ၍၊ ဝေး လှသောပြည် ကိုလည်း ကြည့် မြင်ရလိမ့်မည်။

ယေရှုသည် ထွက်ကြွ ၍ လူ များ အပေါင်းတို့ကို တွေ့မြင် တော်မူလျှင် ၊ သနား ခြင်းစိတ်တော်ရှိ၍ လူနာ ရှိသမျှတို့ကို ချမ်းသာ ပေးတော်မူ၏။

ပေတရု ၊ ယာကုပ် ၊ ယောဟန် တို့ကိုခေါ်သွား ၍ မိန်းမော တွေဝေခြင်း၊ စိတ်ပူပန် ခြင်းသို့ ရောက်တော်မူ၏။

ထို နေ့ရက် ကာလ၌ ကိုယ်တော် သည် ဆုတောင်း ပဌနာပြုခြင်းငှာတောင် ပေါ်သို့ ကြွ ၍ ဘုရားသခင် အား ဆုတောင်း ပဌနာပြုလျက် တစ် ညဉ့်နေ တော်မူ၏။

နှုတ်ကပတ် တော်သည်လည်း လူ့ ဇာတိအဖြစ် ကို ခံယူ၍၊ ကျေးဇူး တော်နှင့် ၎င်း၊ သစ္စာ တော်နှင့်၎င်း ပြည့်စုံ လျက် ငါ တို့တွင် တည်နေ တော်မူသည်ဖြစ်၍၊ ခမည်းတော် ၌ တစ်ပါးတည်း သောသားတော်၏ ဘုန်း ကဲ့သို့ သူ ၏ဘုန်း တော်ကို ငါတို့သည် မြင် ရကြပြီ။

ထိုမှတစ်ပါး ပျောက် တတ်သော ရောင်ခြည်တည်းဟူသောမောရှေ ၏မျက်နှာ မှ ထွက်သောရောင်ခြည် ကြောင့် ၊ ဣသရေလ အမျိုးသား တို့သည် သူ ၏မျက်နှာ ကိုစေ့စေ့ မ ကြည့်ရှုနိုင် သည်တိုင်အောင် ၊ ကျောက် ပြားပေါ်၌ အက္ခရာတင် ၍ ရေး ထားသောသေခြင်း ၏တရား သည် ဘုန်း အာနုဘော်နှင့် ပြည့်စုံ သည်မှန်လျှင် ၊

ထိုသခင် သည် ဘုရားသခင် ၏ သဏ္ဌာန် တော်နှင့် ပြည့်စုံတော်မူသည်ဖြစ် ၍၊ ဘုရားသခင် နှင့် ပြိုင် သောအမှုကို လုယူ ခြင်းအမှုဟူ၍မ ထင် မမှတ်လျက်ပင်၊

ငါ တို့သခင် ယေရှု ခရစ် ၏ တန်ခိုး တော်ကို၎င်း ၊ ကြွလာ တော်မူခြင်းကို၎င်း၊ သင် တို့အား ကြားပြော သောအခါ၊ ငါတို့သည် ပရိယာယ် နှင့် ပြင်ဆင် သော ဒဏ္ဍာရီ စကားကိုမ လိုက် ၊ ဘုန်း အာနုဘော်တော်ကို ကိုယ်တိုင် မြင် သော သူ ဖြစ် ကြ၏။

တစ်ဖန်တုံ ၊ ဖြူ သောပလ္လင် ကြီး ကို၎င်း ၊ ပလ္လင် ပေါ်မှာ ထိုင် တော်မူသောသူ ကို၎င်း ငါမြင် ၏။ ကောင်းကင် နှင့် မြေကြီး သည် မျက်နှာ တော်ရှေ့မှ ပြေး လွင့်၍ သူ တို့နေစရာအရပ် မ ရှိ ။