TSK

TSK · ရှင်မာကုခရစ်ဝင်။ 9:31

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ထိုမှတပါးကိုယ်တော် သည် ယေရုရှလင် မြို့သို့ သွား ရ မည်။ လူ အကြီးအကဲ၊ ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြု ဆရာတို့လက်၌ များစွာ ခံရ မည်။ အသေ သတ်ခြင်းကိုလည်း ခံရမည်။ သုံး ရက်မြောက်သောနေ့ ၌ ထမြောက် လိမ့်မည်ဟူသောအကြောင်း များကို ထိုအခါ မှ စ ၍တပည့် တော်တို့အား ပြ တော်မူ၏။

သူတစ်ပါးအစေ ကို ခံခြင်းငှာ၎င်း၊ မိမိ အသက် ကိုစွန့် ၍ လူများ ကိုရွေး ခြင်းငှာ ၎င်း၊ ကြွလာ သည်ဖြစ်၍၊ ထိုနည်းတူ သင် တို့တွင် အကဲအမှူးပြုလို သောသူကို သင် တို့အစေခံ ဖြစ် စေ။ သင်တို့တွင်အထွဋ်အမြတ် လုပ်ချင် သောသူ ကိုလည်း သင် တို့ကျွန် ဖြစ် စေ ဟု မိန့်တော်မူ၏။

နှစ် ရက် လွန် မှပသခါ ပွဲနေ့ရောက် မည်ကို သင်တို့သိ ကြ၏။ ထိုအခါ လူ သား ကိုလက်ဝါးကပ်တိုင် မှာရိုက်သတ်စေခြင်းငှာ အပ်နှံ ကြလိမ့်မည် ဟု မိန့်တော်မူ၏။

ကိုယ်တော်က၊ ဧလိယ သည် အရင် လာ ၍ အလုံးစုံ တို့ကို ပြုပြင် ရသည် မှန် ပေ၏။ လူ သား သည်လည်း အလွန် ဆင်းရဲ ၍ ကဲ့ရဲ့ ပယ်ထားခြင်းကို ခံရမည်ဟု ကျမ်းစာ လာ၏။”

¶ ထိုအခါ ကိုယ်တော်သည် တစ်ကျိပ် နှစ်ပါးသောတပည့် တော်တို့ကို ခေါ် ၍၊ ငါတို့သည် ယေရုရှလင် မြို့သို့ ယခု သွား ကြ၏။ ပရောဖက် များ ရေးမှတ် သမျှ သည် လူ သား ၌ ပြည့်စုံ ရလိမ့်မည်။

တဖန် မိန့် တော်မူသည်ကား ၊ မောရှေ ၏ပညတ္တိ ကျမ်းစာ၌ ၎င်း ၊ ပရောဖက် တို့၏ ကျမ်းစာ ၌၎င်း၊ ဆာလံ ကျမ်းစာ ၌၎င်း၊ ငါ့ ကို ရည်မှတ် ၍ ရေးထားသမျှ သောအချက် တို့သည် ပြည့်စုံ ရ မည်ဟု ငါ သည် သင် တို့နှင့်အတူ ရှိ စဉ်အခါ သင် တို့အား ဟောပြော သောအကြောင်းအရာတို့ကား ဤ အကြောင်းအရာပေတည်း ဟု မိန့် တော်မူ၏။

ဘုရားသခင် ပြဌာန်း တော်မူသော အလို တော်အားဖြင့်၎င်း ၊ အနာဂတံသဉာဏ် တော်အားဖြင့် ၎င်း၊ အပ်နှံ ခြင်းကိုခံသော ထို ယေရှုကို သင်တို့သည် ဘမ်းဆီး၍ မတရား သော သူတို့လက် ဖြင့် လက်ဝါးကပ်တိုင်၌ ရိုက် ၍ ကွပ်မျက် ကြပြီ။

သည်းခံ လျှင် ၊ ထိုသခင်နှင့်အတူစိုးစံ လိမ့်မည်။ ထိုသခင်ကို ငါတို့သည် ငြင်းပယ် လျှင် ၊ ငါ တို့ကို ငြင်းပယ် တော်မူလိမ့်မည်။