TSK

TSK · ရှင်မဿဲခရစ်ဝင်။ 13:21

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ယခုမှာသင်တို့က၊ ငါတို့သည် သူ့ ကို အဘယ်သို့ ညှဉ်းဆဲ ရမည်နည်း။ သူ၌အပြစ်တင်သောအခွင့်ကို အဘယ်သို့တွေ့ရမည်နည်းဟု ဆိုကြသည်ဖြစ်၍၊

သူ ပြော သောစကား သည် အဓမ္မ စကား၊ လှည့်စား သောစကားဖြစ်၏။ ကောင်း သောအကျင့်ကို ကျင့်စေ တတ်သောပညာ ကို စွန့် လေပြီ။

မ တရားသောသူသည် လူဆိုး သုံးတတ်သော ကျော့ကွင်း ကို အလို ရှိ၏။ ဖြောင့်မတ် သောသူ ၏အမြစ် မူကား ၊ အသီး ကိုသီးတတ်၏။

ဖြောင့်မတ် ခြင်းတရားကြောင့် နှောင့်ရှက် ညှဉ်းဆဲခြင်းကို ခံရသောသူ တို့သည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ကောင်းကင် နိုင်ငံ တော်သည် ထိုသူ တို့၏နိုင်ငံဖြစ် ၏။

အကြင်သူသည်ငါ ဟောပြောသော ဤ စကား ကိုကြား ၍ နား မ ထောင်ဘဲနေ၏။ ထိုသူ သည် သဲ ပေါ်မှာ အိမ် ဆောက် သော လူ မိုက် နှင့် တူ ကြောင်း ကို ငါပုံပြ မည်။

အကြင်သူ သည် ငါ့ ကိုချစ်သည်ထက် မိဘ ကိုသာ၍ချစ် ၏။ ထိုသူသည် ငါ နှင့်မ ထိုက် မတန်။ အကြင်သူ သည် ငါ့ ကို ချစ်သည်ထက် သား သမီး ကို သာ၍ ချစ် ၏။ ထိုသူငါ နှင့်မ ထိုက် မတန်။

နေ ထွက် သောအခါ ပူလောင် သည်ဖြစ်၍ အမြစ် မ စွဲ သောကြောင့် ညှိုးနွမ်း ပျက်စီးခြင်းသို့ ရောက်ကြ၏။

¶ ထိုအခါ ယေရှု က၊ ငါ ၌ဆည်းကပ် လို သောသူ ဖြစ် လျှင်ကိုယ်ကိုကိုယ် ငြင်းပယ် ရမည်။ ကိုယ် လက်ဝါးကပ်တိုင် ကိုထမ်း ၍ ငါ့ နောက်သို့လိုက် ရမည်။

အကြင်သူ သည် အဆုံး တိုင်အောင် တည်ကြည် ၏။ ထိုသူ သည် ကယ်တင် ခြင်းသို့ရောက်လိမ့်မည်။

¶ ပေတရု က၊ ဤသူ ရှိသမျှတို့သည် ကိုယ်တော် ကြောင့် စိတ်ပျက် ကြသော်လည်း ၊ အကျွန်ုပ် သည် စိတ် အလျှင်း မပျက်ပါဟု လျှောက် လေ၏။

ထိုအခါ တပည့် တော်တို့နှင့် ပရိသတ် များကို ခေါ် တော်မူပြီးလျှင်၊ အကြင်သူ သည် ငါ ၌ဆည်းကပ် ခြင်းငှာအလိုရှိ ၏။ ထိုသူသည် ကိုယ်ကိုကိုယ် ငြင်းပယ် ရမည်။ ကိုယ် လက်ဝါးကပ်တိုင် ကို ထမ်း ၍ ငါ့ နောက်သို့ လိုက် ရမည်။”

ကျောက် ပေါ်၌ ရှိသောသူ ကား ၊ တရားစကား ကိုကြား ၍ ဝမ်းမြောက် သောစိတ်နှင့် ခံယူ သော်လည်းစိတ်နှလုံး၌ အမြစ် မ စွဲ ၊ ခဏ သာယုံကြည် သဖြင့် စုံစမ်း နှောင့်ရှက်ခြင်းကို ခံရသောအခါဖေါက်ပြန် သောသူကို ဆိုလိုသတည်း။

အကြင်သူ သည် ငါ့ ထံသို့ လာ ၍ မိဘ ၊ သား မယား ၊ ညီအစ်ကို ၊ နှမ တို့ကို၎င်း ၊ ထိုမျှမက မိမိ အသက် ကိုမ မုန်း ၊ ထိုသူသည် ငါ့ တပည့် မ ဖြစ် နိုင် ရာ။

ယေရှု ကလည်း ၊ ငါအမှန်အကန် ဆို သည်ကား၊ သင်တို့သည်နိမိတ် လက္ခဏာတို့ကို မြင် သောကြောင့် ငါ့ ကိုရှာ သည်မ ဟုတ်။

¶ ယေရှု ကလည်း၊ တစ်ကျိပ် နှစ်ပါးသောသင် တို့ကို ငါ ရွေးကောက် သည်မ ဟုတ်လော။ သို့သော်လည်း သင် တို့တွင် ရန်သူ တစ် ယောက်ပါ မည် ဟု မိန့် တော်မူ၏။

ငါ သည် စပျစ် နွယ်ပင်ဖြစ် ၏။ သင် တို့သည်အခက် များဖြစ်ကြ၏။ အကြင်သူ သည် ငါ ၌ တည် ၍ ငါ သည် လည်းသူ့ ၌ တည်၏၊ ထိုသူ သည် များစွာ သောအသီး ကိုသီး တတ်၏။ ငါ နှင့်ကွာ လျှင် သင်တို့သည် အဘယ် အမှု ကိုမျှ မ တတ်နိုင်ကြ။

ကောင်း သောအကျင့် ကို အမြဲ ကျင့်၍ ၊ ဘုန်း အသရေ ကို၎င်း ၊ မ ဖောက်ပြန်သောဇာတိကို၎င်း ၊ ရှာ သောသူ တို့အား ထာဝရ အသက် ကို ပေးတော်မူလတံ့၊

မိမိတို့အသွေးအဆင်း တင့်တယ် စေချင် သော သူရှိသမျှ တို့သည် ခရစ်တော် ၏လက်ဝါးကပ်တိုင် ကြောင့် ခံရသောညှဉ်းဆဲ ခြင်းနှင့် မိမိတို့ကင်းလွတ် လို၍၊ သင် တို့ကို အရေဖျားလှီး ခြင်းကို ခံစေခြင်းငှါအနိုင် အထက်သွေးဆောင်တတ်ကြ၏။

ယုံကြည် ခြင်းအားဖြင့် ခရစ်တော် သည် သင် တို့၏ စိတ် နှလုံးအထဲ ၌ ကျိန်းဝပ် တော်မူမည်အကြောင်း၊ ဘုန်း တော်ကြွယ်ဝ ပြည်စုံခြင်းနှင့် ညီလျော်စွာ သင် တို့အား ပေး တော်မူ၍၊ မေတ္တာ ၌ စိုက်ပျိုး ခြင်း၊ တိုက်မြစ်လည်းကျတည် ခြင်းရှိသဖြင့် ၊

အာရှိ ပြည်၌ နေသော သူ အပေါင်း တို့သည် ငါ့ ကိုပယ် ကြပြီဟု၊ သင်သည် ကြားသိ ၏။ ထိုသူ တို့တွင် ဖုဂေလု နှင့် ဟေရမောဂင် ပါသတည်း။

ထိုကြောင့် ၊ ကြီးစွာ သောအကျိုး နှင့်ယှဉ်သော သင် တို့၏ ရဲရင့် ခြင်းစိတ်ကို မ စွန့် ကြနှင့်

အကြောင်းမူကား ၊ ထိုပါရမီ တို့သည် သင် တို့၌ ရှိ ၍ ကြွယ်ဝ လျှင်၊ ငါ တို့သခင် ယေရှု ခရစ် ကို သိကျွမ်း ခြင်း၌ မ ပျင်းရိ စေခြင်းငှာ၎င်း၊ အကျိုးမဲ့ မ ဖြစ်စေခြင်းငှာ၎င်း၊ ပြုပြင်တတ်ကြ၏။

သင်အကျင့်ကျင့်ခြင်းကို၎င်း၊ စာတန် ၏ ရာဇပလ္လင် ရှိရာ အရပ် တည်းဟူသောသင်၏နေရာ အရပ် ကို၎င်း ငါသိ ၏။ စာတန် ၏ နေရာ အရပ် ၌ သင် တို့တွင် အသေ သတ်ခြင်းကိုခံရသော အန္တိပ သည် သစ္စာရှိ ၍ ငါ့ ဘက်၌သက်သေခံ ရသောနေ့ရက် ကာလတွင် ပင်၊ သင်သည်ငါ ၏နာမ ကို စွဲကိုင် ၏။ ငါ ၏ယုံကြည် ခြင်းတရားကို မ စွန့် မပယ်။