ငါ့ စပျစ် ဥယျာဉ်၌ ငါ့ကျေးဇူးပြုနိုင်လျက်၊ မ ပြု သေးသော အရာတစုံတခုရှိသလော။ စပျစ်သီး ကို သီး မည်ဟု မြော်လင့် သည်ရှိသော်၊ ဗောရှသီး ကို အဘယ်ကြောင့် သီး သနည်း။
TSK
TSK · ရှင်မဿဲခရစ်ဝင်။ 21:37
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ထိုအခါ ငါက၊ အကယ်စင်စစ်ဤမျှလောက်ငါဆုံးမ ပြီးမှ သင်သည် ကိုယ် နေရာ ကို မ ပယ်ရှင်း စေ ခြင်းငှါ၊ ငါ့ ကို ကြောက်ရွံ့ ၍ နည်းခံ လိမ့်မည်ဟု ဆို သော်လည်း၊ သူတို့သည် ကြိုးစား ၍ မှားယွင်း သောအကျင့် ကိုသာ ကျင့်ကြ၏။
ထိုကြောင့်ဥယျာဉ်ရှင်သည် မိမိ၌ချစ် သား တစ်ယောက်တည်း ရှိ သေး သည်ဖြစ်၍၊ ထိုသူတို့သည် ငါ့ သား ကို အားနာ ကြလိမ့်မည်ဟုဆို ၍ မိမိသား ကို နောက်ဆုံး ၌ စေလွှတ် လေ၏။”
ဘုရားသခင် ကို အဘယ်သူ မျှ မမြင် စဖူး သော်လည်း၊ ခမည်းတော် ၏ရင်ခွင် ၌ ရှိ သော တစ်ပါးတည်း သောသားတော်သည် ဘုရားသခင် ကို ထင်ရှား စေတော်မူပြီ။
ဘုရားသခင် ၏သား တော်ကို ယုံကြည် သောသူ အပေါင်း တို့သည်၊ ပျက်စီး ခြင်းသို့မ ရောက်၊ ထာဝရ အသက် ကို ရ စေခြင်းငှာ ၊ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်း သော သား တော်ကို စွန့် တော်မူသည်တိုင်အောင် လောကီသား ကို ချစ် တော်မူ၏။
¶ ရှေး လွန်လေပြီး သောအခါ ပရောဖက် များအားဖြင့် ဘိုးဘေး တို့အား အထပ်ထပ် အနည်းနည်းဗျာဒိတ် ပေးတော်မူသော ဘုရားသခင် သည်၊ ဤ နောက်ဆုံး ကာလ အခါ မိမိသား တော်အားဖြင့် ငါ တို့အား ဗျာဒိတ် ပေးတော်မူပြီ