သင်တို့သည် ငါ့ စကားကို နား မထောင်၊ ဤ ပညတ် အလုံးစုံ ကို မ စောင့်၊
TSK
TSK · ရှင်မဿဲခရစ်ဝင်။ 21:41
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ကောင်းကင် ဘုံ၌ ထိုင် တော်မူသောသူသည် ပြုံး ရယ်၍၊ ထာဝရ ဘုရားသည် သူ တို့ကို ကဲ့ရဲ့ တော်မူ၏။
ယခု နားထောင်ကြ။ ငါ့ စပျစ် ဥယျာဉ်၌ ငါ ပြု ရမည်အမှု ကို သင် တို့အား ငါဘော်ပြ မည်။ စောင်းရန်း ကို ငါပယ်ရှင်း သဖြင့် ၊ သူတပါးတို့သည် စား ကြလိမ့်မည်။ အုတ်ရိုး ကိုငါဖြို သဖြင့်၊ သူတပါးတို့သည် ကျော်နင်း ကြ လိမ့်မည်။
သင်တို့သည် ကိုယ် နာမ ကို၊ ငါ ရွေးကောက် သောသူတို့ ၌ ကျိန်ဆဲ ဘို့ ရာ ကျန်ရစ် စေကြလိမ့်မည်။ အရှင် ထာဝရဘုရား သည် သင် တို့ကို ကွပ်မျက် ၍၊ ကိုယ်တော် ၏ ကျွန် တို့ကို အခြား သောနာမ ဖြင့် မှည့် တော်မူမည်။
ထိုသိတင်းခြောက် ဆယ်နှစ် သိတင်း လွန် ပြီးမှ၊ ခရစ်တော်သည် အခွင့်မ ရဘဲအသေ သတ်ခြင်းကိုခံရလိမ့်မည်။ ထိုနောက်မှလာသော သခင် ၏ လူ တို့သည် မြို့ တော်ကို၎င်း ၊ သန့်ရှင်း ရာဌာနကို၎င်း ဖြိုဖျက် ကြ လိမ့်မည်။ ရေ လွှမ်းမိုးသော အားဖြင့် ဆုံးရှုံးခြင်းဖြစ်လိမ့်မည်။ အဆုံး တိုင်အောင် စစ်တိုက် ခြင်း၊ ပျက်စီး ရာနှင့်ဆိုင်သော စီရင် ဆုံးဖြတ်ခြင်းရှိလိမ့်မည်။
တပြည်လုံး အမျိုးအနွယ် အသီးအသီးတမျိုး တခြားစီ ငိုကြွေး မြည်တမ်းကြလိမ့်မည်။ ဒါဝိဒ် မင်း၏ အဆွေအမျိုး တခြား ၊ သူ တို့မိန်းမ များတခြား၊ နာသန် ၏ အဆွေအမျိုး တခြား၊ သူ တို့မိန်းမ များတခြား၊
ယေရုရှလင် မြို့ကို တိုက် စေခြင်းငှါ ၊ လူမျိုး အပေါင်း တို့ကို ငါစုဝေး စေမည်။ မြို့ ကို တိုက် ယူပြီးလျှင် ၊ အိမ် တို့ကို လုယက် ၍ မိန်းမ တို့ကို အဓမ္မ ပြုကြလိမ့်မည်။ မြို့ သားတဝက် ကို သိမ်း သွား၍ တဝက် သာမြို့ ၌ ကျန်ကြွင်းလိမ့်မည်။
လက် တော်တွင် စံကော ပါလျက်၊ မိမိ ကောက်နယ် တလင်းကို ရှင်းလင်း စေသဖြင့် ၊ မိမိ ဂျုံ စပါးကို ကျီ ၌ စုသိမ်း သွင်းထား၍ ၊ အဖျင်း ကိုကား မငြိမ်းနိုင် သောမီး နှင့်ရှို့ တော်မူလတံ့ဟု ယောဟန်ဟောပြော ၏။
ထို့ကြောင့် ငါဆို သည်ကား၊ ဘုရားသခင် ၏နိုင်ငံ တော်ကို သင် တို့မှ နှုတ် ၍ နိုင်ငံ တော်၏အသီး ကို သီး အံ့သောလူမျိုး အား ပေး ရလတံ့။
ထို့ကြောင့် ဖြောင့်မတ် သော အာဗေလ ၏အသွေး မှစ၍ ၊ အတွင်းဗိမာန် တော်နှင့် ယဇ်ပလ္လင် ၏ အကြား ၌ သင် တို့သတ် ကြသော ဗာရခိ သား ဇာခရိ ၏အသွေး တိုင်အောင် မြေကြီး အပေါ် ၌သွန်း ပြီးသမျှသော သူတော်ကောင်း တို့၏အသွေး သည် သင် တို့ ခေါင်းပေါ်သို့ ရောက် လိမ့်မည်။
ထိုအခါ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် မှစသော ပရောဖက် အပေါင်း တို့သည် ဘုရားသခင် ၏ နိုင်ငံ တော် ထဲသို့ ဝင်၍၊ သင် တို့သည် ပြင် သို့ နှင်ထုတ် ခြင်းကို ခံရသောအခါ ငိုကြွေး ခြင်း၊ အံသွား ခဲကြိတ် ခြင်းရှိ လတံ့။
လောတ ၏မယား ကို အောက်မေ့ ကြလော့။
အကြောင်းမူကား ၊ ထို နေ့ရက် ကာလသည် ကျမ်းစာ ချက်များ ပြည့်စုံ ရသော ဒဏ်စီရင် ခြင်းနေ့ရက်ကာလဖြစ် သတည်း။
များစွာ သောဆွေးနွေး ငြင်းခုံခြင်းရှိ သောအခါ ပေတရုသည် ထ လျက်၊ ညီအစ်ကို တို့၊ ဘုရားသခင် သည် ရှေ့ဦးစွာ ငါတို့တွင် ရွေးကောက် တော်မူ၍၊ ငါ ဟောပြော သောအားဖြင့် တစ်ပါး အမျိုးသားတို့သည် ဧဝံဂေလိ တရား ကိုကြားနာ ၍ ယုံကြည် ရမည်အကြောင်း စီရင် တော်မူသည်ကို သင် တို့သိ ကြ၏။
ပုဗလိ မင်း၏အဘ သည်ဖျားနာ နှင့် ဝမ်းကျသွေးသွန်နာ စွဲ ၍၊ တုံးလုံး နေသည်ကို ပေါလု ဝင် ၍ ဆုတောင်း ပြီးမှ၊ သူ့ အပေါ်၌ လက် တင် ၍ အနာ ကို ငြိမ်းစေ၏။
¶ ငါ့ ကိုယ်ကိုကိုယ်သိ သော စိတ်သည် သန့်ရှင်း သော ဝိညာဉ် တော်နှင့်တကွ ငါ့ ဘက်၌ သက်သေခံ လျက်၊ ငါသည်မုသာ မ ပါ၊ ခရစ်တော် ရှေ့၌ မှန်ကန် စွာ ပြော သည်ကား၊
တစ်ပါး အမျိုးသားတို့သည် ကယ်တင် ခြင်းသို့ ရောက်စေခြင်းငှာ ငါ တို့သည် ဟောပြော ကြသည်ကို သူတို့ သည် ဆီးတား ၍၊ မိမိ တို့အပြစ် ကို အစဉ် ပြည့်စုံ စေကြ၏။ သူ တို့အပေါ် ၌အမျက် တော်သည် အကုန်အစင် ရောက် ရ၏။
သင်တို့သည် မိန့် တော်မူသော သူ ၏စကားတော်ကို မ ငြင်း မပယ်မည်အကြောင်း သတိပြု ကြလော့။ မြေကြီး ပေါ်မှာ ဗျာဒိတ် တော်ကို ဆင့်ဆိုသောသူ ၏စကားကို ငြင်းပယ် သောသူတို့သည် အပြစ်မ လွတ် ရသည်မှန်လျှင် ၊ ထိုမျှမက ၊ ကောင်းကင် ဘုံက မိန့်တော်မူသော သူ ၏စကားကို ငါ တို့သည် နားမထောင်ဘဲ နေလျှင်၊ သာ၍ကြီးစွာသောအပြစ်နှင့် အဘယ်သို့ကင်းလွတ်နိုင်မည်နည်း