TSK

TSK · တောလည်ရာကျမ်း 10:21

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

တဲ တော်ကို ယူသွား ချိန် ရောက်သောအခါ ၊ လေဝိ သားတို့သည် ရုပ်သိမ်း ရမည်။ နေရာ ချချိန်ရောက်သောအခါ ၊ ထူထောင် ပြန်ရမည်။ လေဝိ အမျိုးသားမှတပါး အခြား သော အမျိုးသားသည် ချဉ်းကပ် လျှင်၊ အသေ သတ်ခြင်းကိုခံရမည်။

ကောဟတ် မှဆင်းသက်သော အာမရံ အဆွေအမျိုး ၊ ဣဇဟာ အဆွေအမျိုး ၊ ဟေဗြုန် အဆွေအမျိုး ၊ ဩဇေလ အဆွေအမျိုး တို့သည်၊ ကောဟတ် အမျိုးအနွယ် ဖြစ်ကြ၏။

ထိုသို့ တပ် ချီ ချိန်ရောက်သောအခါ ၊ အာရုန် နှင့် သူ ၏သား တို့သည်၊ သန့်ရှင်း ရာဌာနတော်နှင့် သန့်ရှင်း သော တန်ဆာ ရှိသမျှ တို့ကို ဖုံးအုပ် သောနောက် ၊ ကောဟတ် သား တို့သည် ထမ်း ခြင်းငှါ ချဉ်းကပ် ရကြမည်။ သို့ရာတွင် သူတို့သည် သေ ဘေးနှင့် လွတ်မည်အကြောင်း၊သန့်ရှင်း သောအရာကို မ ကိုင် ရ၊ ဤရွေ့ကား ပရိသတ် စည်းဝေး ရာ တဲ တော်၌ ကောဟတ် သား များ ဆောင်ရွက် ရသောအမှုပေတည်း။

သန်ရှင်း ရာဌာနတော်အမှု ကို စောင့်ရသောကောဟတ် သား တို့သည်၊ မိမိ တို့ ပခုံး ၌ ထမ်းရွက် ရသောကြောင့် ၊ သူတို့အား ရထားနှင့် နွားတို့ကိုမ ပေး။

ဒါဝိဒ် က၊ ဘုရားသခင် ၏ သေတ္တာ တော်ကို ထမ်း ၍ ရှေ့တော်၌ အမှု တော်ကို အစဉ် စောင့်စေခြင်းငှါ ထာဝရဘုရား သည် လေဝိ သားတို့ကို ရွေးချယ် တော်မူသောကြောင့် ၊ အခြားတပါးသောသူတို့ သည် ဘုရားသခင် ၏ သေတ္တာ တော်ကို မ ထမ်း ရကြဟုဆို လျက်၊