အာရ ပြည်သို့ စီး ၍ မောဘ ပြည်အနား ၌ ရှောက်သွားသော ချောင်း အသွယ်သွယ်ဟု လာသတည်း။
TSK
TSK · တောလည်ရာကျမ်း 21:28
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ထာဝရဘုရား ကလည်း ၊ မောဘ ပြည်သားတို့ကို မ နှောင့်ရှက် နှင့်။ စစ် မ တိုက်နှင့်။ သူ တို့ပြည် ကို သင့် အား ငါအပိုင် မ ပေး။ အာရ ပြည်ကို လောတ အမျိုးသား တို့အား ငါအပိုင် ပေး ပြီဟု ငါ့ အား မိန့် တော်မူ၏။
ဆူးလေ ပင်က၊ သင်တို့သည် ငါ့ ကို သင် တို့၏ ရှင်ဘုရင် ဖြစ်စေခြင်းငှါခန့်ထား၍ ဧကန်အမှန် ဘိသိက် ပေးလိုလျှင် ၊ လာ ကြ၊ ငါ့ အရိပ် ကို ခိုလှုံ ကြ။ သို့မဟုတ် ဆူးလေ ပင်ထဲက မီး ထွက် ၍ လေဗနုန် အာရစ် ပင်တို့ကို လောင် လိမ့်မည်ဟု သစ်ပင် တို့အား ပြန်ပြော ၏။
ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေ သခင်အရှင် ထာဝရဘုရား သည် ထိုမင်း ၏ ဆူဝ သောသူတို့၌ ပိန် ကျုံ့ ခြင်းကို သွင်းပေးတော်မူမည်။ သူ ၏ ဘုန်း အောက် ၌ လည်း မီး လောင် သကဲ့သို့ လောင်စေခြင်းငှါ ရှို့ တော်မူ မည်။
ပြေး သောသူတို့သည်အားကုန် သောကြောင့်၊ ဟေရှဘုန် မြို့အရိပ် ကို ခို ကြသော်လည်း၊ ရှိဟုန် ဘုရင် နေရာဟေရှဘုန် မြို့မှ မီးလျှံ ထွက် သဖြင့် ၊ မာန ထောင်လွှား သောသူ တို့၏ အထွဋ် မှစ၍မောဘ ပြည်စွန်း တိုင်အောင်လောင် လိမ့်မည်။
ဂါဇ မြို့ရိုး အပေါ် သို့ မီး ကိုလွှတ် ၍ ဘုံ ဗိမာန်တို့ကို လောင် စေမည်။
တေမန် မြို့အပေါ် သို့ မီး ကိုလွှတ် ၍ ၊ ဗောဇရ မြို့၏ ဘုံ ဗိမာန်တို့ကို လောင် စေမည်။
မောဘ ပြည်အပေါ် သို့ မီး ကိုလွှတ် ၍ ၊ ကေရုတ် မြို့၏ဘုံ ဗိမာန်တို့ကို လောင် စေမည်။ ကြီးသော အသံ ဗလံ ပြုခြင်း၊ အော်ဟစ် ခြင်း၊ တံပိုး မှုတ်ခြင်းနှင့်တကွ မောဘ ပြည်သည် ဆုံးရှုံး ရလိမ့်မည်။