မြေကြီး သည် မိမိ ခံတွင်း ကိုဖွင့် ၍ သူ တို့ကို၎င်း ၊ ကောရ ကို၎င်း မျို သဖြင့် ၊ ထိုအပေါင်းအသင်း ဝင်သူတို့ သည် သေ ကြ၏။ မီး သည် လည်း လူနှစ်ရာ ငါးဆယ် တို့ကို အသက် ဆုံးစေ၏။ ထိုသူတို့သည် သတိပေး သော သက်သေဖြစ် သတည်း။
TSK
TSK · သုတ္တံကျမ်း။ 1:12
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
¶ အကျွန်ုပ် ၏ ကျောက် ဖြစ်တော်မူသောထာဝရဘုရား ၊ ကိုယ်တော် ကို အကျွန်ုပ်အော်ဟစ် ပါ၏။ မ ထူးဘဲ နေတော်မ မူပါနှင့်။ မ ထူးဘဲနေတော်မူလျှင် ၊ အကျွန်ုပ် သည် သင်္ချိုင်းတွင်း ထဲသို့ ဆင်း သောသူ ကဲ့သို့ ဖြစ်ရပါမည်။
¶ အိုဘုရား သခင်၊ အကျွန်ုပ် ကို သနား တော်မူပါ။ လူ တို့သည် ကိုက်စား အံ့ သော ဒေါသနှင့်နေ့တိုင်း တိုက် ၍ အကျွန်ုပ် ကို နှိပ်စက် ကြပါ ၏။
အမျက် ထွက် ၍ ငါ တို့ကို အသက် နှင့်တကွ မျို ကြပြီတကား။
ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ငါ တို့ကို ကိုက်စား ၍ နှိပ်စက် ပါပြီ။ ငါ တို့ကို ဟင်းလင်း သောအိုး ဖြစ် စေပါပြီ။ နဂါး မျိုတတ်သကဲ့သို့ ငါ တို့ကို မျို ၍၊ ငါ တို့ ပျော်မွေ့ စရာအရာ တို့နှင့် မိမိ ဝမ်း ကို ပြည့် စေ ပါပြီ။ ငါ တို့ကို နှင်ထုတ် ပါပြီ။
သင် ၏ရန်သူ အပေါင်း တို့သည် သင့် တဘက် ၌ နှုတ် ကို ဖွင့် ကြ၏။ ငါတို့သည် သူ့ ကိုမျို ပြီ။ အကယ် စင်စစ်ဤ သည်နေ့ ကား ၊ ငါတို့မြော်လင့် ခဲ့ ပြီးသောနေ့ဖြစ်၏။ ငါတို့တွေ့မြင် ရပြီဟု ကဲ့ရဲ့ သံကိုပြုလျက် ၊ အံသွား ကို ခဲကြိတ် လျက် ဆို ကြ၏။
သူ တို့၏လည်ချောင်း သည် ဖွင့် ထားသော သင်္ချိုင်း တွင်းဖြစ်၏။ သူ တို့သည်လျှာ နှင့် လှည့်စား တတ် ကြ၏။ သူ တို့နှုတ်ခမ်း အထဲ မှာ မြွေဆိုး အဆိပ် အတောက်ရှိ၏။