ဘုရားသခင် ၏ တမန် တို့ကို ပြက်ယယ် ပြု၍ အမိန့် တော်ကို နား မထောင်၊ ပရောဖက် တို့ကို ညှဉ်းဆဲသောကြောင့်၊ ထာဝရဘုရား ၏အမျက် တော် မ ငြိမ်း နိုင်အောင်၊ မိမိ လူမျိုး ကို ထွက် သဖြင့်၊
TSK
TSK · သုတ္တံကျမ်း။ 1:24
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
လူ တို့ပြုတတ်သောပရိယာယ်နှင့် ကင်းလွတ်စေ ခြင်းငှါ၊ ကျိန်းဝပ် တော်မူရာအတွင်း အရပ်၌ ထိုသူ တို့ကို ဝှက်ထား တော်မူ၏။ ရန်တွေ့ ခြင်း အသံကို ကွယ်ကာလျက်၊ တဲ တော်တွင် သူ တို့ကို စောင့်မ တော်မူ၏။
သင် တို့ကို ငါရေတွက် ၍ ၊ ထား ၌အပ်မည်။ ရှိသမျှ တို့သည် အသေသတ် ခြင်းကိုခံရအောင် ဦးချ ရကြ လိမ့်မည်။ အကြောင်း မူကား၊ သင်တို့သည် ငါခေါ် သောအခါ မ ထူး ကြ။ ငါပြော သောအခါ နား မ ထောင်ကြ။ ငါ့ မျက်မှောက် ၌ မကောင်း သောအကျင့် ကို ကျင့် ကြ၏။ ငါမ နှစ်သက် သော အရာကို ရွေး ယူကြ၏။
ယခု တွင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် တို့သည် ဤ အမှု အလုံးစုံ တို့ကို ပြု သောကြောင့် ၎င်း ၊ ငါသည်စောစော ထ၍ အထပ်ထပ်ပြော သော်လည်း ၊ သင်တို့သည် နား မ ထောင်၊ ငါခေါ် ၍ သင်တို့သည် မ ထူး သောကြောင့်၎င်း ၊
သူတို့သည် နားမထောင်ဘဲလွတ် အောင် ရုန်းကြ ၏။ မကြား စေခြင်းငှါ နား ကို ပိတ် ကြ၏။
အိုယေရုရှလင် မြို့၊ ယေရုရှလင် မြို့၊ သင်သည်ပရောဖက် တို့ကိုသတ် မြဲရှိ၏။ သင်ရှိရာသို့ စေလွှတ် သော သူ တို့ကိုလည်း ကျောက်ခဲ နှင့် ပစ်မြဲရှိ၏။ ကြက်မ သည် မိမိ သားငယ် တို့ကို အတောင် အောက် ၌ စုရုံး သကဲ့သို့ သင် ၏သား တို့ကို စုရုံး စေခြင်းငှာကြိမ်ဖန် များစွာငါအလိုရှိ ပြီ။ သင်မူကား အလို မ ရှိ။
ဣသရေလ လူတို့ကို ရည်မှတ်၍ တဖန်မိန့် တော်မူသည်ကား ၊ နားမထောင် ငြင်းဆန် တတ်သော လူမျိုး သို့ တနေ့လုံး ငါ သည် လက် ဝါးကို ဖြန့် ရပြီဟု ဆိုသတည်း။