TSK

TSK · သုတ္တံကျမ်း။ 11:19

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ထိုကြောင့်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်သည် ယခု တက် သောသာလွန် ပေါ်က နောက်တဖန် မ ဆင်း ရ။ စင်စစ် သေ ရမည်ဟု သူတို့အားဆင့်ဆိုရမည် အကြောင်းမိန့်တော်မူသည်အတိုင်း ၊ ဧလိယ သွား လေ၏

အကြောင်း မူကား၊ သူ တို့ခြေ သည် ဒုစရိုက် ပြုရာ သို့ ပြေး ၍ ၊ လူအသက် ကို သတ် ခြင်းငှါ လျင်မြန် ၏။

ငါ့ ကိုပြစ်မှား သော သူမူကား ၊ မိမိ အသက် ဝိညာဉ်ကိုပြစ်မှား ၏။ ငါ့ ကိုမုန်း သောသူအပေါင်း တို့သည် သေ ခြင်းကိုချစ် ကြ၏။

အမျက် ဒေါသထွက်သောကာလ ၌ စည်းစိမ် ဥစ္စာသည် အကျိုး မ ပေးနိုင်။ ဖြောင့်မတ် ခြင်းပါရမီမူကား ၊ သေ ခြင်းမှ ကယ်တင် တတ်၏။

ထာဝရဘုရား ကို ကြောက်ရွံ့ သောသဘောသည် အသက်ရှင် ခြင်းနှင့်ဆိုင်သည်ဖြစ်၍ ထိုသဘောရှိသောသူသည် အလို ဆန္ဒပြည့်စုံလျက်ရှိ၍၊ ဘေးဥပဒ် နှင့်ကင်းလွတ် လိမ့်မည်။

လူ အမျိုးမျိုး တို့တွင် ဘုရားသခင် ကို ကြောက်ရွံ့ ၍ တရား သဖြင့် ကျင့်ဆောင် သောသူ သည် အထံ တော်၌ မျက်နှာ ရသည်ကို ငါသိမြင် ၏။

အပြစ် တရား၏ အခ ကား သေ ခြင်းပေတည်း။ ဘုရားသခင် ပေးတော်မူသော ဆု ကျေးဇူးတော်ကား ၊ ငါ တို့သခင် ယေရှု ခရစ် အားဖြင့် ထာဝရ အသက် ပေတည်း။

ထိုသို့သော လက္ခဏာအားဖြင့် ဘုရားသခင် ၏ သား တို့နှင့် မာရ်နတ် ၏သား တို့သည် ထင်ရှား ကြ၏။ ဖြောင့်မတ် ခြင်းတရားကို မ ကျင့် သောသူ၊ မိမိ ညီအစ်ကို ကိုမ ချစ် သောသူ မည်သည်ကား ၊ ဘုရားသခင် နှင့်မ ဆိုင် ။