TSK

TSK · သုတ္တံကျမ်း။ 11:21

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

လူများ နောက် သို့ လိုက် ၍ မတရား သဖြင့် မ ပြုရ။ တရား တွေ့သည်အမှုမှာ ကြီး သောသူဘက် ၌ နေ၍၊ တရားလမ်းမှ လွဲ စေခြင်းငှါ မ ပြော ရ။

သို့မဟုတ်မ တရားသော သူကဲ့သို့အပြစ်နှင့် ပြည့်စုံ လျှင်၊ အပြစ်နှင့် ယှဉ်သောဒဏ်ကိုခံရမည်။

¶ ထာဝရဘုရား ကို ကြောက်ရွံ့ ၍၊ ပညတ် တော်တို့ ၌ အလွန် မွေ့လျော် သောသူသည် မင်္ဂလာ ရှိ၏။

တရား သောသူ၌ အမင်္ဂလာ မ ရောက် ရာ။ မ တရားသော သူမူကား ၊ အမင်္ဂလာ နှင့်ပြည့်ဝ ရလိမ့်မည်။

မာန ကြီးသောသူအပေါင်း တို့ကို ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူ၏။ သူတို့သည် အသင်း ဖွဲ့သော်လည်း၊ အပြစ်ဒဏ် နှင့် မ လွတ်ရကြ။

ကိုယ် အကျိုး အလိုငှါ ၎င်း ၊ နောက် ဖြစ်လတံ့သော သား သမီးတို့၏ အကျိုးအလိုငှါ ၎င်း ၊ ငါ့ ကိုအစဉ် ကြောက်ရွံ့ စေခြင်းငှါ တညီတညွတ်တည်းကျင့်ကြံ နိုင်သော သဘော ကို ငါပေး မည်။