အကယ်စင်စစ်သူ့ အား ပေး ရမည်။ ပေး သောအခါ နှမြော သောစိတ်မ ရှိရ။ အကြောင်း မူကား၊ ထို ဒါန ကြောင့် သင် ၏ဘုရားသခင် ထာဝရဘုရား သည်၊ သင် ပြု လေရာရာ ၊ လုပ်ဆောင် လေရာရာ ၌ ကောင်းကြီး ပေးတော်မူမည်။
TSK
TSK · သုတ္တံကျမ်း။ 11:24
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
သူသည် စွန့်ကြဲ ပြီ။ ဆင်းရဲ သောသူတို့ အား ပေးကမ်း ပြီ။ သူ ၏ ဖြောင့်မတ် ခြင်းသည် အစဉ် အမြဲတည် တတ်၏။ သူ ၏ဦးချို သည် ဂုဏ် အသရေနှင့် ချီးမြှင့် ခြင်း ရှိလိမ့်မည်။
ဆင်းရဲ သားကို သနား သောသူသည် ထာဝရ ဘုရား အား ချေးငှါး သောသူဖြစ်၍ ၊ သူ ပြုသောအမှု ၏ အကျိုးကိုဆပ် ပေးတော်မူလိမ့်မည်။
¶ သင် ၏အစာ ကို ရေ ပေါ် မှာပစ် ချလော့။ ကာလ ကြာမြင့် မှ တဖန်တွေ့ လေဦးမည်။
သင်တို့သည် များစွာ သော မျိုးစေ့ ကို ကြဲသော်လည်း အသီးအနှံနည်းပါး ရ ၏။ စား ရသော်လည်း ဝ စွာ မ စားရကြ။ သောက် ရသော်လည်း ဝစွာ မ သောက် ရကြ။ အဝတ်ကို ဝတ် ရသော်လည်း နွေး စွာ မ ဝတ်ရကြ။ အလုပ် လုပ်၍ အခ ကို ခံရသော်လည်းမ လုံသော အိတ် ထဲမှာ သိုထားရကြ၏။
ထိုကာလတွင် ဆန်အတင်းနှစ်ဆယ် ထွက်ရသော စပါး ပုံသို့ လူလာ သောအခါ တဆယ် ကိုသာ ရ ၏။ စပျစ်ရည် အိုးငါးဆယ် ကို ယူ ခြင်းငှါ စပျစ်သီး နယ်ရာကျင်း သို့ လာ သောအခါ နှစ်ဆယ် ကိုသာ ရ ၏။
သူတစ်ပါးအားပေး ကြလော့။ ပေးလျှင် သူတစ်ပါးသည် သင် တို့အားပေး ကြလိမ့်မည်။ အမှန် ခြင် ရုံမျှမက၊ သိပ်နှက် လျက်၊ လှုပ် လျက်၊ လျှံ လျက်ရှိခြင်းနှင့် သင် တို့ရင်ခွင် ၌ ပေး ကြလိမ့်မည်။ အကြောင်းမူကား ၊ အကြင် ချိန်၊ တင်းပမာဏ နှင့် သင် တို့သည် သူတစ်ပါးအားပေး ၏၊ ထိုပမာဏ အတိုင်း ကိုယ်ခံရကြမည်။
ထိုကြောင့် အထက် က ကြားပြောသော သင်တို့၏ အလှူကျေးဇူးသည် အနိုင်အထက် လှူရသော ဥစ္စာ ကဲ့သို့ မ ဟုတ်။ အလှူ ကျေးဇူးကဲ့သို့ အသင့် ရှိ စေခြင်းငှာ၊ ညီအစ်ကို တို့သည် သင် တို့ဆီသို့ အရင်သွား စေ၍ ထို အလှူကျေးဇူး ကို အရင်ပြည့်စုံစေခြင်းငှာ၊ ငါသည် မတိုက်တွန်း ဘဲ မနေကောင်း ဟုသဘော ရှိ၏။