ထိုနေ့ ၌ ပင် ဣဇာက် ကျွန် တို့သည် လာ ၍ ၊ မိမိတို့ တူး သောတွင်း ၌ ရေ တွေ့ ကြောင်းကို ပြော ဆိုကြလျှင်၊
TSK
TSK · သုတ္တံကျမ်း။ 13:4
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ယောရှု ထံ သို့ ပြန် လာ၍ ၊ ဤလူ တို့ကို အကုန်အစင် မ သွား ပါစေနှင့်။ လူ နှစ် ထောင်သုံး ထောင် လောက် သွား ၍ အာဣ မြို့ကို လုပ်ကြံ ပါစေ။ ထို မြို့သို့ သွားရာတွင် ဤလူ အပေါင်း တို့ကို မ ပင်ပန်း ပါစေနှင့်။ မြို့ သားတို့သည် မများ ပါဟု လျှောက် သည်နှင့်အညီ၊
စေတနာစိတ် နှင့်ဉာဏ် ကို ရှာဖွေ သည်တိုင်အောင်၊ ငါ့ စကား ကို နာခံ ၍ ၊ ငါ့ ပညတ် တို့ကို ကိုယ် အထဲ ၌ သွင်း မိလျှင် ၎င်း၊
ပျင်းရိ သောသူသည် ဆင်းရဲ ခြင်း၊ လုံ့လ ဝိရိယ ရှိသောသူသည် ကြွယ်ဝ ခြင်းသို့ ရောက်တတ်၏။
မိမိ လယ်ယာ ကို လုပ် သောသူသည် ဝ စွာစားရ ၏။ အချည်းနှီး သောအမှုကို စောင့် သောသူမူကား ၊ ဉာဏ် ချို့တဲ့ ၏။
ပျင်းရိ သောသူသည် မုဆိုး လုပ်သော်လည်း ၊ ဘမ်း ရသောအကောင်ကို ကင်၍မစားရ။ လုံ့လ ဝိရိယပြုသောသူ ၏ ဥစ္စာ မူကား၊ အဘိုး ထိုက်ပေ၏။
ပျင်းရိ သောသူ ၏ လယ်ယာ အနား နှင့်၊ ဉာဏ် မ ရှိ သောသူ ၏ စပျစ် ဥယျာဉ်အနား မှာ ငါရှောက်သွား စဉ်၊
ပျင်းရိ သောသူက၊ အိမ် ပြင်မှာ ခြင်္သေ့ ရှိ၏။ လမ်း တို့၌ ခြင်္သေ့ ရှိ၏ဟု ဆို တတ်၏။
ကျွန်မ သည် အဝတ် ကိုချွတ် ပါပြီ။ အဘယ် ကြောင့် ဝတ် ပြန်ရမည်နည်း။ ခြေ ကိုလည်းဆေး ပါပြီ။ တဖန်ညစ် အောင် အဘယ် ကြောင့်ပြုရပါမည်နည်း။
မုန့် ကို စား ၍ ဝ သောကြောင့် သာ ရှာကြ၏။ ပျက်စီး တတ်သောအစာ ကိုရခြင်းငှာမ ကြိုးစား ကြနှင့်။ လူသားသည် သင်တို့အား ပေး၍ ထာဝရ အသက် နှင့်အမျှတည် တတ်သောအစာ ကိုရခြင်းငှာကြိုးစားကြလော့။ ထိုသား သည် ခမည်းတော် ဘုရား ၏တံဆိပ် ခတ်ခြင်းကို ခံ သောသူ ဖြစ်သည် ဟု မိန့် တော်မူ၏။
ထိုသို့ အလိုငှာ၊ သင် တို့သည် ယုံကြည် ခြင်း၌ သီလ ကို၎င်း ၊ သီလ ၌ ပညာ ကို၎င်း၊