TSK

TSK · သုတ္တံကျမ်း။ 15:1

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ဘုရား သခင်သည် မိဒျန် ဗိုလ်ချုပ် ဩရဘ နှင့် ဇေဘ တို့ကို သင် တို့လက် ၌ အပ် တော်မူပြီ။ သင် တို့ပြုသကဲ့သို့ ငါသည် အဘယ်သို့ ပြု နိုင် သနည်းဟု ပြန်ပြောသောစကား ကို သူတို့သည် ကြားသောအခါ စိတ် ပြေ ကြ၏။

နာဗလ ကလည်း ၊ ဒါဝိဒ် ကား အဘယ်သူ နည်း။ ယေရှဲ ၏သား ကား အဘယ်သူ နည်း။ ယခုကာလ ၌သခင် ကို ပုန်ကန် သော ကျွန် များ ပါတကား။

ဣသရေလ အမျိုးသား တို့ကလည်း ၊ ငါတို့သည် ရှင်ဘုရင် ၌ ဆယ် ဘို့တို့ကိုဆိုင်ကြ၏။ ဒါဝိဒ်အမျိုးကို သင် တို့ဆိုင်သည်ထက် ငါတို့ သာ၍ဆိုင်ကြ၏။ ရှင် ဘုရင်ကို ပြန် ပို့ခြင်းအမှုတွင် ငါ တို့နှင့်ရှေးဦးစွာ မ တိုင်ပင်ဘဲ အဘယ်ကြောင့် ငါ တို့ကို မထီမဲ့မြင် ပြုကြသနည်းဟု ယုဒ အမျိုးသား တို့ကို ပြန် ပြောကြ၏။ သို့ရာတွင် ဣသရေလအမျိုးသား တို့ စကား ထက် ယုဒ အမျိုးသား တို့ စကား သည်သာ၍ခိုင်ခံ့ ၏။

သူ တို့က ကိုယ်တော်သည် ဤ သူ တို့၌ ကျေးဇူး ပြု လျက် ၊ သူ တို့စိတ် ကို ဖြေ၍ ကောင်း သောစကားကို ပြော တော်မူလျှင် ၊ သူတို့သည် အစဉ် ကိုယ်တော် ၏ကျွန် ခံ ကြပါလိမ့်မည်ဟု လျှောက် ထားကြ၏။

မုန်း သောစိတ်သည် ရန်တွေ့ ရာသို့ တိုက်တွန်း တတ်၏။ ချစ် သောစိတ် မူကား ၊ ခပ်သိမ်း သော အပြစ် တို့ကို ဖုံးအုပ် တတ်၏။

ကြာမြင့် စွာသည်းခံ လျှင် မင်း ကိုဖျောင်းဖျ နိုင်၏။ ချို သောစကား သည်လည်း အရိုး ကျိုး အောင်တတ်နိုင်၏။

မထီမဲ့မြင် ပြုသောသူ တို့ သည် မြို့ ကို မီးရှို့ တတ် ၏။ ပညာရှိ သောသူတို့ မူကား ၊ ဒေါသအမျက် ကို လွှဲ တတ် ၏။