ဣသရေလ ရှင် ဘုရင်က၊ ထာဝရဘုရား ကို မေးမြန်း ရသောသူ တယောက် ၊ ဣမလ သား မိက္ခါ ရှိသေး၏။ သို့ရာတွင်။ထိုသူ ကိုငါ မုန်း ၏။ ငါ ၌ မင်္ဂလာ စကားကိုမ ဟော ၊ အမင်္ဂလာ စကားကိုသာ အစဉ် ဟောတတ်သည်ဟု ယောရှဖတ် အား ဆို လျှင် ၊ ယောရှဖတ် က၊ ထိုသို့မင်းကြီး မ ပြော ပါနှင့်ဟု ပြန်ဆို ၏။
TSK
TSK · သုတ္တံကျမ်း။ 15:12
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
အိုလူမိုက် တို့၊ သင်တို့သည်မိုက် သောအကျင့်ကို နှစ်သက် လျက် ၊ ကဲ့ရဲ့ သောသူတို့သည် ကဲ့ရဲ့ ခြင်း၌ မွေ့လျော် လျက် ၊ မိုက်မဲ သောသူတို့သည် ပညာ အတတ်ကို မုန်း လျက်၊ အဘယ် မျှကာလ ပတ်လုံးနေကြလိမ့်မည်နည်း။
¶ ပညာ ရှိသောသား သည် အဘ ၏ သွန်သင်ခြင်း ကို နားထောင်တတ်၏။ မထီမဲ့မြင် ပြုသောသားမူကား ၊ အပြစ်တင် ခြင်းကို နား မ ထောင်တတ်။
လမ်း လွှဲ သောသူသည် ဆုံးမ သောစကားကို နား မခံလို။ သို့သော်လည်း၊ အပြစ်တင် ခြင်းကို မုန်း သောသူသည် သေ ရမည်။
သား တော်ကိုယုံကြည် သောသူ သည် အပြစ် စီရင်ခြင်းကို မ ခံရ။ မ ယုံကြည် သောသူ မူကား ၊ ဘုရားသခင် ၌ တစ်ပါးတည်း သောသား တော်ကို မ ယုံကြည် သောကြောင့် ယခုပင် အပြစ် စီရင်ခြင်းကိုခံရ၏။
အကြောင်းမူကား ၊ နောင် ကာလ ၌လူ တို့သည် စင်ကြယ် သော ဩဝါဒ ကိုနား မ ခံနိုင်ဘဲ၊ ယား တတ်သော နား ရှိလျှင်၊ မိမိ တပ်မက် ခြင်းအတိုင်း များပြား သော ဆရာ တို့နောက်သို့ လိုက်ကြလိမ့်မည်။