အကြောင်း မူကား၊ သင် ၏ဘုရားသခင် ထာဝရဘုရား သည်၊ ဘုရား တို့၏ ဘုရား ၊ သခင် တို့၏သခင် ၊ ကြီးမြတ် သောဘုရား ၊ တန်ခိုး နှင့် ပြည့်စုံ၍ ကြောက်မက် ဘွယ်သောဘုရား၊ လူမျက်နှာ ကို မ ထောက် ၊ တံစိုး ကို မ စား ဘဲ၊
TSK
TSK · သုတ္တံကျမ်း။ 15:25
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
မတရားသောသူသည် သားမ ဘွား သောမိန်းမကို ညှဉ်းဆဲတတ်၏။ မုတ်ဆိုးမ ကိုလည်း ကျေးဇူး မ ပြုတတ်။
သို့သော်လည်း ကိုယ်တော် သည် မြင် တော်မူပြီ။ အကြောင်းမူကား၊ ပင်ပန်း စေခြင်းနှင့် နှောင့်ရှက် စေခြင်း ကို လက်ဝါး တော်၌ မှတ်သား မည်ဟု ကြည့်ရှု တော်မူတတ်ပါ၏။ ဆင်းရဲ သောသူသည် ကိုယ်တော် ၌ ကိုယ်ကို အပ် တတ်ပါ၏။ ကိုယ်တော် သည် မိဘ မရှိသောသူ ၏ ခိုလှုံ ရာဖြစ် တော်မူ၏။
အကယ် စင်စစ်ဘုရား သခင်သည် သင့် ကို အစဉ် အမြဲချိုးဖျက် ပယ်ရှင်းလျက် ၊ သင် ၏နေရာ ထဲက နှင်ထုတ် ၍ ၊ အသက် ရှင်သောသူတို့၏ နေရာ ထဲက နှုတ် ပစ်တော်မူမည်။
ထာဝရဘုရား သည် မြင့်မြတ် တော်မူသော်လည်း ၊ စိတ်နှိမ့်ချ သောသူတို့ ကို ကြည့်ရှု တော်မူ၏။ စိတ်မြင့် သောသူတို့ ကိုကား ၊ အဝေး က သိ တော်မူ၏။
မ တရားသောသူ ၏အိမ်သည် ပြိုလဲ ပျောက်ပျက် ခြင်း၊ ဖြောင့်မတ် သောသူ၏ အိမ် မူကား ၊ အမြဲ တည် ခြင်းရှိတတ်၏။
အရင် စိုက်သော မြေ မှတ်တိုင်ကိုမ ရွှေ့ နှင့်။ မိဘ မရှိသောသူတို့ ၏ လယ် ကို မ သိမ်း နှင့်။
ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား၏ နေ့ရက် ကာလသည် ကြီး မြင့်သောအရာနှင့် မိုမောက် သောအရာရှိသမျှ တို့ ကို ဆီးတား၍၊ သူတို့သည် နှိမ့်ချ ခြင်းရှိကြ လိမ့်မည်။
မာန် မာနစိတ် နှင့် ထောင်လွှားစော်ကားခြင်း ရှိသောအခါ ၊ ဘုန်း တန်ခိုးကွယ်ပျောက် ၍ နန်း တော်မှ ကျ ၏။
ထိုနည်းတူ ၊ အသက် ပျိုသောသူတို့၊ အသက်ကြီး သော သူတို့၏ စကားကိုနားထောင် ကြလော့။ ထိုမျှမက ၊ အချင်းချင်း တစ်ယောက်အောက်တစ်ယောက်နှိမ့်ချ လျက်နေ၍၊ နှိမ့်ချခြင်းတန်ဆာကိုဆင် ကြလော့။ အကြောင်းမူကား ၊ ထောင်လွှား စော်ကားသော သူတို့ကို ဘုရားသခင် တားဆီး တော်မူ၏။ စိတ် နှိမ့်ချသောသူတို့အား ကျေးဇူး ပြု တော်မူ၏။