ထိုမှတပါး ဘုရား သခင်ကို ကြောက်ရွံ့ လျက်၊ သစ္စာ နှင့်ပြည့်စုံလျက်၊ လောဘ ကို ရွံရှာ လျက် ၊ တတ်စွမ်း နိုင်သောသူ တို့ကို လူ အပေါင်း တို့အထဲ က ရွေးကောက် ၍၊ တထောင် အုပ် ၊ တရာ အုပ် ၊ ငါးဆယ် အုပ် ၊ တဆယ် အုပ် အရာ၌ ခန့် ထားရမည်။
TSK
TSK · သုတ္တံကျမ်း။ 15:27
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
စက်ဆုပ် ရွံရှာဘွယ်သောအရာကို သင့် အိမ် ထဲသို့ မ သွင်း ရ။ သွင်းလျှင် ၊ သင်သည် ထို အရာကဲ့သို့ ကျိန် အပ် သောအရာ ဖြစ် မည်ဟု စိုးရိမ်စရာရှိ၏။ ထိုသို့သောအရာ ကို သင် သည် အကြွင်းမဲ့စက်ဆုပ် ရွံရှာရမည်။ ကျိန် အပ် သော အရာပင်ဖြစ်ပေ၏။
သင် တို့သည် ကျိန် အပ်သောအရာကို သတိ နှင့် ရှောင်ကြလော့။ သို့မဟုတ်ထိုအရာကို သိမ်းယူ လျှင် မိမိတို့ ကို၎င်း၊ ဣသရေလ တပ် ကို၎င်းအကျိန် ခံစေ၍ ၊ နှောင့်ရှက် မည်ကို စိုးရိမ်စရာရှိ၏။
ယောရှု နှင့် ဣသရေလ အမျိုးသားအပေါင်း တို့ သည်၊ ဇေရ သား အာခန် မှစ၍ ထိုငွေ ၊ ဝတ်လုံ ၊ ရွှေ တုံး၊ သားသမီး ၊ သိုး နွား မြည်း ၊ တဲ နှင့်တကွ သူ ၌ ရှိသမျှ တို့ကို အာခေါ် ချိုင့် သို့ ဆောင် သွားပြီးမှ၊
သို့ရာတွင် အဘလမ်း သို့ မ လိုက်။ ငွေ ကို တပ်မက်သောစိတ် နှင့် လွဲ သွား၍ တံစိုး စားလျက် တရား ကို ဖျက် ကြ၏။
သို့ဖြစ်၍နေမန် ၏ နူနာ သည်သင် ၌ ၎င်း ၊ သင် ၏ သား မြေး၌ ၎င်း၊ အစဉ်အမြဲ စွဲ စေဟု ဆိုသည်အတိုင်း၊ ဂေဟာဇိသည် နူနာ စွဲ၍ မိုဃ်းပွင့် ကဲ့သို့ ဖြူလျက်၊ သခင် ထံ မှ ထွက် သွား၏
မ တရားသောစီးပွါးကို ရှာ သောသူအပေါင်း တို့သည် ထိုသို့ သော အကျိုး ကိုခံရ၍၊ ထိုစီးပွါးသည် မိမိ အရှင် ၏အသက် ကိုသတ် တတ်၏။
မိမိ အိမ် ကိုနှောင့်ရှက် သောသူသည် လေ ကို အမွေ ခံရလိမ့်မည်။ မိုက် သောသူသည်လည်း ၊ လိမ္မာ သော သူထံ ၌ ကျွန် ခံရလိမ့်မည်။
ဉာဏ် မ ရှိသောမင်း သည် ပြင်း စွာညှဉ်းဆဲ တတ် ၏။ လောဘ ကို မုန်း သောမင်းမူကား၊ အသက်တာ ရှည် လိမ့်မည်။
မိမိတို့သည် မြေ ၏အလယ် ၌ တစုတည်းနေရာ ကျ၍၊ လပ်သောအရပ် မ ရှိစေခြင်းငှါ ၊ အိမ် တဆောင်နှင့် တဆောင်ကို၎င်း၊ လယ် တကွက်နှင့်တကွက်ကို၎င်း၊ ဆက် တတ်သောသူတို့သည် အမင်္ဂလာ ရှိကြ၏။
တရား သဖြင့်ကျင့် ၍ ဖြောင့်မတ် စွာ ပြော ထ သော၊ ညှဉ်းဆဲ ခြင်းအားဖြင့်ရသောငွေ ကို ရွံ၍၊ တံစိုး ကိုလည်း ငြင်းပယ် ထသော၊ လူအသက်သတ် ခြင်းအမှုကို နား မ ခံ၊ အဓမ္မ အမှုများကို မ ကြည့်မရှုသောသူသည် မြင့် သောအရပ်၌ နေ လိမ့်မည်။
မိမိ အသိုက် ကို မြင့် သော အရပ်၌ တင် ၍ ဘေးဒဏ် လက် မှ မိမိလွတ် စေခြင်းငှါ ၊ မ ကောင်းသော အဓမ္မ စီးပွားကို မိမိ အမျိုး အဘို့ ရှာ သောသူသည် အ မင်္ဂလာ ရှိ၏။