ယောသပ် ကလည်း၊ သင်တို့သည် အဘယ်သို့ ပြု ပြီးသနည်း။ ငါ ကဲ့သို့ သောယောက်ျား သည် ထူးဆန်း သောဉာဏ်ရှိကြောင်း ကို သင်တို့မ သိ ကြသလောဟု ဆို ၏။
TSK
TSK · သုတ္တံကျမ်း။ 16:10
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ငါ နှင့် ငါ့ သား ကိုဘုရား သခင်၏ အမွေ တော်မြေပေါ်က သုတ်သင်ပယ်ရှင်း သောသူ ၏လက် မှ ငါ့ကို နှုတ် အံ့သောငှါ နားထောင် တော်မူလိမ့်မည်ဟု ဆို ပါ၏။
¶ ထိုသို့ရှင်ဘုရင် စီရင် တော်မူသည် အရာကို ဣသရေလ အမျိုးသားအပေါင်း တို့သည် ကြား သိကြသောအခါ ၊ တရား စီရင်စေခြင်းငှါ ဘုရား သခင်ပေးတော်မူသော ဉာဏ် နှင့် ရှင်ဘုရင် ပြည့်စုံကြောင်းကို သိမြင် ၍ ၊ ကိုယ်တော်ကို ကြောက်ရွံ့ ရိုသေကြ၏။
¶ အိုဘုရား သခင်၊ ကိုယ်တော် ၏ တရား ဆုံးဖြတ်ခြင်းနှင့် ဖြောင့်မတ် စွာ စီရင်ခြင်းအခွင့်ကို မင်း သား ဖြစ်သော ရှင်ဘုရင် အား ပေး သနားတော်မူပါ။
ရှင်ဘုရင် ပြု သောဒုစရိုက် သည် စက်ဆုပ် ရွံရှာဘွယ်ဖြစ်၏။ အကြောင်း မူကား၊ ရာဇပလ္လင် သည် ဖြောင့်မတ် ခြင်းအားဖြင့် သာ တည် တတ်၏။
¶ ကြည့်ရှု လော့။ တရား သဖြင့် အုပ်စိုး သော ရှင်ဘုရင် တပါး ပေါ်ထွန်းတော်မူလိမ့်မည်။ မင်းသားမှူးမတ် တို့ သည် တရား သဖြင့် စီရင် ကြလိမ့်မည်။
သူတို့ ကျိန်ဆို သော စကားသည် စကားသက်သက် ဖြစ်၍၊ မိဿဟာယ ဖွဲ့ သောအခါ မုသာ စကား ကိုသာ ပြော တတ်ကြ၏။ တရား စီရင်ခြင်းအမှုသည် လယ် ကန်ဆည်ရိုး ပေါ် မှာ ဘင်းခါး ပင်ကဲ့သို့ ပေါက် ရ လိမ့်မည်။
မြင်း သည် ကျောက် ပေါ် မှာ ပြေး တတ်သလော ။ လူသည် ကျောက်ပေါ်မှာ နွား နှင့် ထွန် တတ်သလော။ သင်တို့သည် တရား သဖြင့် စီရင်ခြင်းကို ခါး စွာသော သစ်ရွက် ဖြစ်စေ ခြင်းငှါ၎င်း ၊ ဖြောင့်မတ် ခြင်းကို ဒေါန ရွက် ဖြစ်စေ ခြင်းငှါ၎င်း ပြု ကြသည်တကား။