ဖါရော ဘုရင်သည် ထို အမတ် နှစ် ယောက်တည်းဟူသောဖလား တော်ဝန်နှင့် စား တော်ဝန်တို့ကို အမျက်ထွက် ၍၊
TSK
TSK · သုတ္တံကျမ်း။ 16:14
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
¶ ထိုအခါ ရှင် ဘုရင်သည် အမျက် ထွက်သဖြင့် ၊ စပျစ်ရည် သောက်ပွဲ မှ ထ ၍ ဥယျာဉ် တော်သို့ သွားတော်မူ ၏။ အပြစ် ပေးတော်မူမည်ဟု ဟာမန် သည်ရိပ်မိ ၍ အသက် ချမ်းသာရမည်အကြောင်းမိဖုရား ဧသတာ ရှေ့ မှာ တောင်းပန် ခြင်းငှါ ထ ၏။
ရှင်ဘုရင် ၏အမျက် တော်သည် ခြင်္သေ့ ဟောက် သကဲ့သို့ ဖြစ်၏။ ကျေးဇူး တော်မူကား ၊ မြက် ပေါ် မှာ ကျသော နှင်းရည် ကဲ့သို့ ဖြစ်၏။
မင်း ပြုသောကျေးဇူး ကိုများ သောသူတို့သည် ကြိုးစား၍ ရှာ တတ်ကြ၏။ သို့ရာတွင် ခပ်သိမ်းသောသူတို့ ၏အမှုကို ထာဝရဘုရား စီရင် တော်မူ၏။
ဒံယေလ သည် နန်းတော်သို့ ဝင် ၍ အိပ်မက် တော်ကို ဖြေရသော နေ့ ရက်အချိန်ကိုပေး တော်မူမည် အကြောင်း အသနား တော်ခံပြီးမှ၊
ဦးခေါင်း ကို ယူခဲ့ ဟု အမိန့်တော်ရှိ လျက် လူစောင့် တစ်ယောက်ကို ချက်ခြင်း စေလွှတ် လျှင် ၊ လူစောင့်သည် သွား ၍ ယောဟန် ၏လည်ပင်းကို ထောင် ထဲမှာ ဖြတ် လေ၏။
ထိုနောက် ၊ ဟေရုဒ်မင်းသည် ယုဒ ပြည်မှ ကဲသရိ မြို့သို့ သွား ၍ နေ သည်ရှိသော်၊ တုရု မြို့သားနှင့် ဇိဒုန် မြို့သားတို့ကို အမျက်ထွက် လေ၏။ ထိုသူတို့သည် တစ်ညီတစ်ညွတ် တည်းလာ ကြ၍ ၊ ဗလတ္တု အမည်ရှိသော အတွင်းဝန် ကို ဖျောင်းဖျ ပြီးမှ ၊ အမျက် တော်ပြေမည်အကြောင်း တောင်းပန် ကြ၏။ အကြောင်းမူကား ၊ သူ တို့ပြည် သည်ပြည် တော်ကိုမှီ၍ ကျွေးမွေး ခြင်းကိုခံရ၏။