TSK

TSK · သုတ္တံကျမ်း။ 18:19

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

အဘ သည် ယာကုပ် အားပေး သော ကောင်းကြီး မင်္ဂလာကြောင့် ၊ ဧသော သည် ယာကုပ်ကို အငြိုး ထား၍ ၊ ငါ့ အဘ ကြောင့် ညည်းတွား ရသော နေ့ရက် ကာလ အချိန် နီး ပြီ။ ထိုအခါ ငါ့ ညီ ယာကုပ် ကို ငါသတ် မည်ဟု၊ အကြံ နှင့် ပြော လေ၏။

ဣသရေလ သည် အသက် ကြီးစဉ်အခါသား ယောသပ်ကို ရသောကြောင့် ၊ အခြားသော သား အပေါင်း တို့ကို ချစ် သည်ထက် ယောသပ် ကို သာ၍ချစ်၏။ အဆင်း အရောင်ထူးခြားသော အင်္ကျီ ကို ချုပ် ၍ ပေး၏။

အနီးသို့မ ရောက် မှီ အဝေး ၌ ရှိစဉ်ပင်၊ အစ်ကိုတို့ သည်မြင် လျှင် ၊ သတ် ခြင်းငှါ တိုင်ပင် လျက်၊

အဗရှလုံ ကလည်း ၊ အာမနုန် သည် စပျစ်ရည် ကို သောက်၍ ရွှင်လန်း သောအခါ စောင့်နေကြ။ အာမနုန် ကို ထိုး ခုတ်ကြဟု ငါဆို သောအခါ ၊ သေ အောင်လုပ်ကြံကြ။ မ စိုးရိမ် ကြနှင့်။ ငါ စီရင် သည်မ ဟုတ်လော။ အားယူ ၍ ရဲရင့် ခြင်းရှိ ကြလော့ဟု မိမိ ကျွန် တို့အား မှာ ထားနှင့်သည် အတိုင်း၊

¶ ဣသရေလ အမျိုးသားအပေါင်း တို့သည် ရှင်ဘုရင် နား မ ထောင်ကြောင်း ကို သိမြင် လျှင် ၊ ငါတို့သည် ဒါဝိဒ် နှင့်အဘယ်သို့ ဆက်ဆံသနည်း။ ယေရှဲ ၏သား နှင့် အဘယ်သို့အမွေခံရသေးသနည်း။ အိုဣသရေလ အမျိုး၊ သင် တို့နေရာ သို့ သွားကြ။ အိုဒါဝိဒ် ၊ သင် ၏ အိမ် ကို ကြည့်ရှု လော့ဟု ရှင်ဘုရင် အားပြန်ပြော လျက် ၊ ဣသရေလ လူတို့သည် မိမိ တို့နေရာ သို့ ပြန် သွားကြ၏။

မုသာ စကားကိုပြော ၍ မ မှန်သောသက်သေ တပါး၊ အပေါင်း အဘော်ချင်း ရန်တွေ့ စေခြင်းငှါပြုတတ် သော သူတပါးတည်း။

ထို အကြောင်းနှင့် အချင်းချင်း မ သင့်သဖြင့် တခြားစီ သွား၍၊ ဗာနဗ သည်မာကု ကို ခေါ် ပြီးလျှင် ကုပရု ကျွန်းသို့ လွှင့် လေ၏။