TSK

TSK · သုတ္တံကျမ်း။ 19:7

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

အကျွန်ုပ် အသက် ကို ရှာ သောသူတို့သည် ကျော့ကွင်း များကို ထောင်ထားကြပါ၏။ အကျွန်ုပ် ၌ အပြစ် ပြုခြင်းအခွင့်ကို ရှာ သောသူတို့သည် တနေ့လုံး မနာလို သောစကားကိုပြော ၍ ၊ မကောင်းသောပရိယာယ် ကို ကြံစည် ကြပါ၏။

ချစ် သောသူနှင့် အဆွေ ခင်ပွန်းကို အကျွန်ုပ် နှင့် ဝေးဝေး ရွှေ့တော်မူပြီ။ အသိအကျွမ်းတို့သည် မှောင်မိုက် ထဲမှာရှိ ကြပါ၏။

ဆင်းရဲ သောသူသည် မိမိ အိမ်နီးချင်း မုန်း ခြင်း ကိုပင် ခံရမည်။ ငွေ ရတတ်သောသူ၌မူကား ၊ များစွာ သော အဆွေ ခင်ပွန်းရှိလိမ့်မည်။

စည်းစိမ် ရှိလျှင် အဆွေ ခင်ပွန်းများ တတ်၏။ ဆင်းရဲ သောသူမူကား ၊ မိမိ အိမ်နီးချင်းနှင့်မျှ မ ပေါင်းဘော် ရ။

ကိုယ် အဆွေ ခင်ပွန်းနှင့် အဘ ၏ အဆွေ ခင်ပွန်းကို မ စွန့် နှင့်။ အမှု ရောက်သောကာလ ၌၊ ညီအစ်ကို အိမ် သို့မ သွား နှင့်။ နီး သောအိမ်နီးချင်း သည် ဝေး သော ညီအစ်ကို ထက် သာ၍ကောင်း ၏။