TSK

TSK · သုတ္တံကျမ်း။ 20:1

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

စပျစ် ရည်ကိုလည်း သောက် ၍ ယစ်မူး သဖြင့် ၊ မိမိ ထဲ ၌ အဝတ် မခြုံဘဲနေလေ၏။

ထို နေ့ညမှာ သူ တို့သည် အဘ ကို စပျစ်ရည် တိုက် ပြီးလျှင် ၊ သမီးအကြီး သည် ဝင် ၍ အဘ နှင့် အိပ် လေ ၏။ သူ အိပ် ကြောင်းကို၎င်း ၊ ထ ကြောင်းကို၎င်း အဘ မ သိ။

ဒါဝိဒ် သည်လည်း ဥရိယကိုခေါ် ၍ ရှေ့ တော်၌ စား သောက် လျက် ယစ်မူး သည်တိုင်အောင်သောက်ရ၏။ သို့သော်လည်း ညဦး မှာ မိမိ အိမ် သို့ မ သွား ဘဲ၊ အရှင် ၏ ကျွန် တို့နှင့်အတူ အိပ် ခြင်းငှါ ထွက်သွား လေ၏။

¶ မွန်းတည့်အချိန်၌ ထွက်ကြ၏။ ဗင်္ဟာဒဒ် မင်းမူကား၊ ဝိုင်းသော မင်းကြီး သုံး ဆယ်နှစ်ပါး တို့နှင့်တကွ တဲတော်၌ ယစ်မူးအောင် သောက်လျက် နေကြ၏။

အဘယ်သူ သည် ဝမ်းနည်း ခြင်းရှိသနည်း။ အဘယ်သူ သည် ညည်းတွား ခြင်းရှိသနည်း။ အဘယ်သူ သည် ရန်တွေ့ ခြင်းရှိသနည်း။ အဘယ်သူ သည် မြည်တမ်း ခြင်းရှိသနည်း။ အဘယ်သူ သည် အကျိုး အကြောင်းမရှိ၊ ထိခိုက် ၍ နာခြင်းရှိသနည်း။ အဘယ်သူ သည် မျက်စိ နီ ခြင်းရှိသနည်း ဟူမူကား၊

အိုလေမွေလ ၊ စပျစ်ရည် သောက် သောအမှုနှင့် သေရည် သောက်သောအမှုသည် ရှင်ဘုရင် ၊ မင်းသား တို့နှင့် မ တော်မသင့်။

စပျစ်ရည် ကို များစွာ သောက် နိုင်သောသူ၊ ဆေးနှင့်ရော သော သေရည် သေရက်ကို သောက်ခြင်း အမှု၌၊ အားကြီး သောသူ တို့ သည် အမင်္ဂလာ ရှိကြ၏။

လာ ကြ။ စပျစ်ရည် ကို ယူ ခဲ့မည်။ သေရည် သေရက်ကို ဝစွာသောက် ကြစို့။ ယနေ့ ဖြစ်သကဲ့သို့ နက်ဖြန် နေ့ဖြစ် လိမ့်မည်။ ထိုမျှမက ၊ သာ၍ ကြွယ်ဝ လိမ့်မည်ဟု ဆိုတတ်ကြ၏။

ငါ တို့ရှင်ဘုရင် ၏ နှစ်စဉ်ပွဲနေ့ ၌ မင်း တို့သည် စပျစ်ရည် အရှိန် နှင့် ယစ်မူး ၍ ရှင်ဘုရင်သည် မထီမဲ့မြင် ပြုသောသူတို့ ကို လက်ခံ တတ်၏။

သူ့ ဥစ္စာကိုခိုးသောသူ၊ လောဘ လွန်ကျူးသောသူ၊ သေရည် သေရက်နှင့်ယစ်မူးသောသူ၊ ဆဲရေး ကဲ့ရဲ့သောသူ၊ အနိုင် အထက်လုယူသော သူတို့သည် ဘုရားသခင် ၏ နိုင်ငံ တော်ကို အမွေ မ ခံရကြ။

လွန်ကျူး စေတတ်သော စပျစ်ရည် နှင့် ယစ်မူး ခြင်းကိုရှောင် ၍ ဝိညာဉ် တော်နှင့် ပြည့်စုံ လျက်ရှိကြလော့။