မြေကြီး ပေါ် မှာ လူ အပြစ် ကြီး ၍ ၊ သူ ၏ စိတ်နှလုံး အကြံအစည် ရှိသမျှ တို့သည် အစဉ်မပြတ် ဆိုးညစ် ခြင်းသက်သက် ရှိကြောင်းကို၊ ဘုရား သခင်သိမြင် တော်မူလျှင်၊
TSK
TSK · သုတ္တံကျမ်း။ 21:8
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
လူ သည်အဘယ် သို့သောသူဖြစ်၍ သန့်ရှင်း နိုင်သနည်း။ မိန်းမ ဘွား သောသူသည် အဘယ်သို့သောသူဖြစ်၍ ဖြောင့်မတ် နိုင်သနည်း။
ဖြောင့် သောလမ်းသို့မလိုက်၊ ကောက် သော လမ်း သို့သာ လိုက်သောသူ တို့၏လက်မှ၎င်း၊
ငါသည် စင်ကြယ် ၏ဟု မိမိ ကိုယ်ထင် သော်လည်း ၊ မိမိ အညစ် အကြေးမှ မ ဆေးကြော သေးသော လူတမျိုး၊
နေ အောက် မှာ ပြု သမျှ သောအမှု၌ ပါသောဝမ်းနည်း စရာဟူမူကား ၊ ခပ်သိမ်း သောသူတို့သည် တခု တည်း သောအမှု နှင့် တွေ့ကြုံရကြ၏။ အကယ် စင်စစ်လူ သား တို့ ၏ စိတ် နှလုံးသည် ဒုစရိုက် သဘောနှင့်ပြည့် ၏။ အသက်ရှင် စဉ်အခါ ၊ သူ တို့သည် ရူး သောစိတ် ကို စွဲလမ်း၍ ၊ နောက် တဖန် သေ သွားတတ်ကြ၏။
ချမ်းသာ လမ်း ကို သူတို့မ သိ ကြ။ သူ တို့ခရီး သွားရာတွင် တရား မ ပါ။ မိမိ တို့သွားစရာဘို့ ကောက် သော လမ်း တို့ကို ပြင်ဆင်ကြပြီ။ လိုက် သွားသော သူမည်သည် ကား၊ ချမ်းသာ ကို မ သိ ရ။
စိတ် နှလုံးဖြူစင် သောသူ တို့သည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ထိုသူ တို့သည် ဘုရားသခင် ကို မြင် ရကြလတံ့။
ယုံကြည် ခြင်းအားဖြင့်လည်း သူ တို့၏ စိတ်နှလုံး ကိုစင်ကြယ် စေ၍ ငါ တို့ကို ခြားနား စေတော်မ မူ။
ဒုစရိုက်အပြစ် တို့၌ကျင်လည်ကြ၍ ၊ ထိုဒုစရိုက် အပြစ်၌ သေ လျက်ရှိ နေသော သင် တို့ကိုပင် ဘုရားသခင်သည်အသက်ရှင်စေတော်မူပြီ။
ထိုသခင် ယေရှုခရစ်သည် ခပ်သိမ်း သော ဒုစရိုက် မှ ငါ တို့ကို ရွေးနှုတ် ခြင်းငှာ ၎င်း ၊ ကောင်း သော အကျင့် ဘက်၌ စိတ်အားကြီး ၍၊ ပိုင်ထိုက် တော်မူသော အမျိုး ကိုမိမိ အဘို့ စင်ကြယ် စေခြင်းငှာ၎င်း၊ ကိုယ်ကိုကိုယ် စွန့်ကြဲ တော်မူပြီ။
ငါ တို့ကျင့် သော ဖြောင့်မတ် ခြင်းအကျင့် အားဖြင့် မ ဟုတ်ဘဲ၊ မိမိ သနား ခြင်းကရုဏာတော်နှင့်အညီ ဒုတိယ မွေးခြင်းနှင့်ဆိုင်သော ဆေးကြော ခြင်းအားဖြင့်၎င်း၊သန့်ရှင်း သောဝိညာဉ် တော်၏အသစ် ပြုပြင် ခြင်းအားဖြင့် ၎င်း၊ ငါ တို့ကို ကယ်တင် တော်မူ၏။
ဘုရားသခင်သည် ဖြောင့်မတ် တော်မူသည်ကို သင်တို့သည်သိ လျှင် ၊ ဖြောင့်မတ် ခြင်းတရားကို ကျင့် သောသူ မည်သည်ကား၊ ဘုရားသခင် ဖြစ် ဘွား စေတော်မူသောသူဖြစ်သည်ကို သိ ရကြ၏။