TSK

TSK · သုတ္တံကျမ်း။ 22:23

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

နှောင့်ရှက် ခြင်းတစုံတခုကို ပြု၍ သူတို့သည် ငါ့ အား အနည်းငယ်အော်ဟစ် လျှင် ၊ ငါသည် ထိုအသံ ကို အမှန်ကြား ၍၊

သို့ဖြစ်၍ ထာဝရဘုရား သည် တရားသူကြီး လုပ် တော်မူပါစေသော။ ကျွန်တော် နှင့် ကိုယ်တော် စပ်ကြား မှာ စီရင် တော်မူပါစေသော။ ကြည့်ရှု ၍ ကျွန်တော် အမှု ကို စောင့် သဖြင့် ၊ ကျွန်တော် ကို ကိုယ်တော် လက် မှ ကယ်လွှတ် တော်မူပါစေသောဟု ရှောလု အား လျှောက်ဆို ၏။

ဆင်းရဲ သောသူသည် ခံရသောညှဉ်းဆဲ ခြင်း၊ ငတ်မွတ် သောသူ၏ ငိုကြွေး ခြင်းကြောင့် ယခု ငါထ မည်။ ကဲ့ရဲ့ ခြင်းကိုခံရသောသူ အား ချမ်းသာ ပေးမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။

¶ အိုထာဝရဘုရား ၊ အကျွန်ုပ် ၌ ဆန့်ကျင် ဘက်ပြု သောသူ တို့ကို ဆန့်ကျင် ဘက်ပြုတော်မူပါ။ အကျွန်ုပ် ကို စစ်တိုက် သောသူတို့ကို တိုက် တော်မူပါ။

¶ အိုဘုရား သခင်၊ အကျွန်ုပ် အမှု ၌ တရား ဆုံးဖြတ်တော်မူပါ။ ကရုဏာ မ ရှိသော လူမျိုး တဘက် ကနေ၍ အကျွန်ုပ်အမှုကို စောင့် တော်မူပါ။ သစ္စာ မရှိ၊ မ တရား သောသူ ၏လက်မှ အကျွန်ုပ် ကို ကယ်လွှတ် တော်မူပါ။

ထာဝရဘုရား သည် ညှဉ်းဆဲ ခြင်းကိုခံရသမျှ သောသူတို့ အဘို့ တရား ပေး၍ စီရင် ဆုံးဖြတ်တော်မူ၏။

အကယ် စင်စစ်တရား သောသူတို့သည် နာမတော် ကို ချီးမွမ်း ကြပါလိမ့်မည်။ သဘော ဖြောင့်သောသူတို့ သည် အထံ တော်၌ နေ ရကြပါလိမ့်မည်။

အကြောင်း မူကား၊ ထိုသူ တို့ကို ရွေး တော်မူသောသူသည် တန်ခိုး ကြီး၍၊ သင့် တဘက် ၌ သူ တို့အမှု ကို စောင့် တော်မူလိမ့်မည်။

သို့ရာတွင်၊ သင့် ကို ကိုက်စား သောသူအပေါင်း တို့သည် ကိုက် စားခြင်း၊ သင် ၏ရန်သူ အပေါင်း တို့သည် သိမ်း သွားခြင်း၊ သင့် ကို လုယူ ဖျက်ဆီး သော သူအပေါင်း တို့ သည် လုယူ ဖျက်ဆီး ခြင်းကိုခံရ ကြမည်။

သို့ဖြစ်၍ ၊ ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် ၏အမှု ကို ငါ စောင့် မည်။ သင် ခံရသောအပြစ် ကို ပြန်ပေး မည်။ သူ ၏ပင်လယ် ကို၎င်း၊ သူ ၏စမ်းရေ တွင်းတို့ကို၎င်းငါခန်းခြောက် စေမည်။

သင် သည် များ စွာသောလူမျိုး တို့ကို လု ယူသောကြောင့် ၊ ကျန် ကြွင်းသော လူမျိုး အပေါင်း တို့သည် သင့် ကို လု ယူကြလိမ့်မည်။ လူ အသက်ကိုသတ် သောအပြစ် ၊ ပြည်သူ မြို့သားအပေါင်း တို့ကို ညှဉ်းဆဲ သောအပြစ်ကြောင့် ပြု ကြလိမ့်မည်။