ယောက်ျား ကို လည်း ၊ ထို အပင်၏အသီးကို မ စား ရဟု ငါပညတ် သော်လည်း၊ သင်သည်မယား ၏ စကား ကို နားထောင် ၍ စား မိသောကြောင့် ၊ မြေ သည် သင် ၏အတွက် ကျိန် ခြင်းကိုခံ လျက်ရှိ၏။ မြေ၏အသီးကို တသက် ပတ်လုံးပင်ပန်း စွာ စား ရမည်။
TSK
TSK · သုတ္တံကျမ်း။ 24:31
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ပျင်းရိ သောသူသည် အဘယ်အရာကိုမျှ တောင့်တ ၍ မ ရတတ်။ လုံ့လဝိရိယ ပြုသောသူမူကား ၊ မိမိအလို ဆန္ဒပြည့်စုံ ရ၏။
ချမ်း သောကြောင့် ပျင်းရိ သောသူသည် လယ် မ လုပ်လို။ ထိုကြောင့် စပါး ရိတ်သောကာလ ၌သူတပါးကို တောင်း သော်လည်း မ ရရာ။
သောက်ကြူး သောသူနှင့် စားကြူး သောသူသည် ဆင်းရဲ ခြင်းသို့ ရောက်လိမ့်မည်။ အိပ်ကြူး သော သဘောသည် လူကိုအဝတ် စုတ်နှင့် ခြုံတတ်၏။
ယခု နားထောင်ကြ။ ငါ့ စပျစ် ဥယျာဉ်၌ ငါ ပြု ရမည်အမှု ကို သင် တို့အား ငါဘော်ပြ မည်။ စောင်းရန်း ကို ငါပယ်ရှင်း သဖြင့် ၊ သူတပါးတို့သည် စား ကြလိမ့်မည်။ အုတ်ရိုး ကိုငါဖြို သဖြင့်၊ သူတပါးတို့သည် ကျော်နင်း ကြ လိမ့်မည်။
ထာဝရဘုရား သည် ယုဒ ပြည်သူ ယေရုရှလင် မြို့ သားတို့အား မိန့် တော်မူသည်ကား ၊ သင် တို့၏ လယ် ကို ထွန်ကြလော့။ ဆူး ပင်တို့တွင် မျိုးစေ့ကို မ ကြဲ ကြနှင့်။
ဆူးပင် တို့တွင် အစေ့ ကိုကြဲ ခြင်းအကြောင်းအရာကား တရား စကားကိုကြား ၍ လောကီ အမှု၌ စိုးရိမ် ခြင်းနှင့် စည်းစိမ် ဥစ္စာ၏လှည့်စား ခြင်းသည် တရားစကား ကို လွှမ်းမိုး ညှဉ်းဆဲတတ်သောကြောင့် အသီး မသီးနိုင်ဟု ဆိုလိုသတည်း။