TSK

TSK · သုတ္တံကျမ်း။ 25:14

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

¶ ခေနာနာ သား ဇေဒကိ သည် သံ ဦးချို တို့ကို လုပ် ၍ ၊ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ကိုယ်တော်သည် ရှုရိ လူတို့ကို မ ဖျက်ဆီး မှီ တိုင်အောင်ဤ ဦးချိုတို့နှင့် တိုး ရမည်ဟုမိန့် တော်မူကြောင်းကို ဆင့်ဆို၏။

ကိုယ်ကိုကိုယ် ချီးမြှောက် သောသူ မည်သည်ကားနှိမ့်ချ ခြင်းသို့ရောက်လတံ့။ ကိုယ်ကိုကိုယ် နှိမ့်ချ သော သူ မည်သည်ကားချီးမြှောက် ခြင်းသို့ ရောက်လတံ့ ဟု မိန့် တော်မူ၏။

အကြောင်းမူကား ၊ ထိုသူ တို့သည် မိစ္ဆာ တမန်တော်ဖြစ်ကြ၏။ ခရစ်တော် ၏ တမန် ဖြစ်ယောင်ဆောင် လှည့်ဖြား တတ်သော အမှု စောင့်ဖြစ်ကြ၏။

ထိုသူ တို့သည် မြည်တမ်း ၏ အပြစ်တင် တတ်သောသူ၊ ကိုယ် တပ်မက် ခြင်းအတိုင်း ကျင့် တတ်သောသူ၊ ထောင်လွှား သော စကား ကိုပြော တတ်သောသူ ၊ ကိုယ် အကျိုးစီးပွားကြောင့် သူ့မျက်နှာ ကို ထောက်ထား ခန့်ညားတတ်သော သူဖြစ် ကြ၏။