TSK

TSK · သုတ္တံကျမ်း။ 27:23

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ယာကုပ်က၊ သခင် သိ သည်အတိုင်း၊ ဤသူငယ် တို့သည် နုငယ် ပါ၏။ သား ငယ်ပါသောသိုး ၊ ဆိတ်၊ နွားမ တို့သည် ကျွန်တော် ၌ပါပါ၏။ တနေ့ ခြင်းတွင် အနှင် လွန် လျှင် ၊ ရှိသမျှ တို့သည် သေ ကြပါလိမ့်မည်။

သင် တို့အား ယနေ့ ငါ သက်သေခံ သမျှ သော စကား တို့ကို နှလုံး သွင်း ကြလော့။ သင် တို့သား သမီးတို့ သည် ဤ ပညတ် တရား စကား တော်အလုံးစုံ တို့ကို စောင့်ရှောက် စေခြင်းငှါ ၊ သူ တို့အား ထပ်ဆင့်၍ မှာထား ရကြမည်။

ရှာရုန် အရပ်သားရှိတရဲ သည် ရှာရုန် အရပ်၌ ကျက်စား သော နွားစု ကို၎င်း ၊ အာဒလဲ သား ရှာဖတ် သည် ချိုင့် တို့၌ ကျက်စားသော နွားစု ကို၎င်း အုပ်ရ၏။

ငါ မြင် ၍ စေ့စေ့ဆင်ခြင် ၏။ ကြည့်ရှု ၍ သွန်သင် ခြင်းကို ခံရ၏။

ငါ ၏ကျက်စား ရာအရပ်၌ရှိသောငါ့ သိုး တို့၊ သင် တို့သည်လူ ဖြစ်ကြ၏။ ငါ သည်လည်း သင် တို့၏ ဘုရားသခင် ဖြစ်သည်ဟု အရှင် ထာဝရဘုရား မိန့်တော်မူ၏။

¶ နံနက်စာကို စား ကြသည်နောက် ၊ ယေရှု က၊ ယောန ၏သား ရှိမုန် ၊ ဤ သူတို့သည် ငါ့ ကို ချစ်သည်ထက် သင်သည်သာ၍ချစ် သလော ဟု ရှိမုန် ပေတရု အားမေး တော်မူလျှင်၊ ဟုတ် ပါ၏သခင် ။ ကိုယ်တော် ကို အကျွန်ုပ်ချစ် သည်ကို ကိုယ်တော် သိ တော်မူ၏ဟု လျှောက် သော်၊ ငါ ၏သိုးသူငယ် တို့ကို ကျွေးမွေး လော့ ဟု မိန့် တော်မူ၏။