TSK

TSK · သုတ္တံကျမ်း။ 27:8

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ကာဣန သည် ထာဝရဘုရား ထံ တော်မှ ထွက်သွား ၍ ၊ ဧဒင် ပြည် အရှေ့ ၊ နောဒ ပြည် တွင် နေ လေ၏။

တဖန် ပရောဖက် ဂဒ် က၊ ခိုင်ခံ့ သော ဥမင်၌ မ နေ နှင့်။ ထွက်၍ ယုဒ ပြည် သို့ သွား လော့ဟု ဒါဝိဒ် အား ဆို သည်အတိုင်း ဒါဝိဒ် သွား ၍ ဟာရက် တော ၌ နေ၏။

¶ ဖာရော ဘုရင်က၊ သင်သည်ကိုယ် ပြည် သို့ ပြန် ချင် သောစိတ်ရှိမည်အကြောင်းငါ့ ထံ မှာအဘယ် အရာ လို သေးသနည်းဟုမေး သော် ၊ အဘယ် အရာမျှမလိုပါ။ သို့သော်လည်း သွား ရသောအခွင့်ကိုပေး တော်မူပါဟု လျှောက် ပြန်လေ၏။

ငါကလည်း၊ ငါ ကဲ့သို့ သောသူ သည် ပြေး ရမည် လော။ ငါ နှင့် တူသောသူသည် အသက် ချမ်းသာခြင်းငှါ ဗိမာန် တော်ထဲ သို့ ဝင် ရမည်လော။ ငါမ ဝင် ဟု ပြန်ပြော ၏။

ဉာဏ် ပညာလမ်း မှ လွှဲသွား သောသူ သည် သင်္ချိုင်း သား အစုအဝေး ၌ နေရာ ကျလိမ့်မည်။

မိမိအသိုက် ကို စွန့်ပစ် ၍ လည် ရသောငှက် ကဲ့သို့ ၊ မောဘ သမီး တို့သည် အာနုန် မြစ်ကူး ရာကမ်းနားမှာ ရှိ ကြလိမ့်မည်။

ထိုသူတို့သည် အလွန် ကြောက်ရွံ့ ၍ ၊ သင်သည် အဘယ်ကြောင့် ဤ သို့ပြု သနည်းဟုမေး ကြ၏။ ယောန သည် ထာဝရဘုရား ထံ တော်မှ မိမိ ပြေး ကြောင်းကို ဘော်ပြ သောကြောင့် သူတို့သိ ကြ၏။

မိမိ ရှက် ခြင်းအကြောင်းကို ပွက် စေတတ်သော လှိုင်း တံပိုးရိုင်း ကဲ့သို့၎င်း၊ ကြယ် ပျံ ကဲ့သို့၎င်းဖြစ်ကြ၏။ ထို ကြယ်ပျံတို့အဘို့တခဲနက် သော ထာဝရ မှောင်မိုက် ကို သိုထား လျက်ရှိ၏။