ထို ပညတ် တို့ကို သင်သည် ကျင့်ဆောင် အံ့သောငှာနားထောင် လျှင် ၊ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင် ၏ဘိုးဘေး တို့အား ကျိန်ဆို တော်မူသော ပဋိညာဉ် နှင့် ကရုဏာ တော်ကို စောင့် တော်မူမည်။
TSK
TSK · သုတ္တံကျမ်း။ 28:10
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
တွင်း ကိုလည်း နက်စွာတူး သဖြင့် ၊ မိမိ တူး သော တွင်း ထဲ သို့ မိမိ ကျ တတ်၏။
စိတ် နှိမ့်ချသောသူတို့မူကား ၊ ပြည် တော်ကို အမွေခံ ၍ ၊ များပြား သောငြိမ် သက်ခြင်း၌ မွေ့လျော် ကြ လိမ့်မည်။
ဖြောင့်မတ် သော သူကိုငတ် ၍ သေစေခြင်းငှါ၊ ထာဝရဘုရား သည် အခွင့်ပေးတော်မ မူ။ မ တရားသောသူတို့ ၏ အဓမ္မ အမှုကိုကား ဖျက်ဆီး တော်မူ၏။
ပညာရှိ သောသူ၏အိမ် ၌ နှစ်သက်ဘွယ် သော ဘဏ္ဍာ နှင့် ဆီ ရှိတတ်၏။ မိုက် သောသူ မူကား ၊ ကုန် စေ တတ်၏။
ဖြောင့် သောလမ်းသို့ လိုက် သောသူသည်ဘေး လွတ်လိမ့်မည်။ ကောက် သောလမ်းသို့ လိုက်သောသူမူကား ၊ ချက်ခြင်း လဲ လိမ့်မည်။
ဘုရားသခင် ၏နိုင်ငံ တော်နှင့် ဖြောင့်မတ် ခြင်းတရားတော်ကို ရှေးဦးစွာ ရှာ ကြလော့။ နောက်မှ ထိုအရာ များကို ထပ် ၍ပေးတော်မူလတံ့။
ညီအစ်ကို တို့၊ သင် တို့ခံရ ပြီးသော ဆုံးမ ဩဝါဒနှင့်ဆန့်ကျင်ဘက် ဖြစ်သောသင်းခွဲ ခြင်း၊ မှားယွင်း ခြင်းအကြောင်းကို ပြု တတ်သောသူတို့ကို မှတ် ၍ရှောင် ကြလော့ဟု ငါသတိပေး ၏။
အကြောင်းမူကား ၊ ထိုသူ တို့သည် မိစ္ဆာ တမန်တော်ဖြစ်ကြ၏။ ခရစ်တော် ၏ တမန် ဖြစ်ယောင်ဆောင် လှည့်ဖြား တတ်သော အမှု စောင့်ဖြစ်ကြ၏။
ယေရှု ခရစ် အားဖြင့် ငါ တို့ခံစား သော လွှတ် ခြင်းအခွင့်ကိုချောင်းကြည့် ၍ ငါ တို့ကို ကျွန် ခံစေမည် အကြံနှင့်၊ ပရိယာယ်အားဖြင့်သူတစ်ပါးသွင်း ၍ ငါတို့အထဲ သို့ဝင်သောညီအစ်ကို ၏အယောင်ကိုဆောင်သောသူတို့အကြောင်း ကြောင့် ထိုသို့ပြုကြ၏။
အကြောင်းမူကား ၊ မှားယွင်း ခြင်း၌ ကျင်လည် သော သူ တို့အထဲက ပြေးထွက် လု သောသူ တို့ကို၊ ထောင်လွှား သော အချည်းနှီးစကား ပြော သည်နှင့်၊ ဇာတိ ပကတိ တပ်မက် ခြင်း၊ ကိလေသာ လွန်ကျူးခြင်းအားဖြင့် အပြစ်သို့ သွေးဆောင် တတ်ကြ၏။