ငါ့ အသက် ပျိုသောကာလ ၊ ငါ့ အိမ် ၌ ဘုရား သခင်နှင့် မိဿဟာယ ဖွဲ့ရသောအခွင့်ရှိသောကာလ၌ ၊ ငါဖြစ် သကဲ့သို့ တဖန်ဖြစ်ပါစေ။
TSK
TSK · သုတ္တံကျမ်း။ 3:32
Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.
ထာဝရဘုရား ကို ကြောက်ရွံ့ သောသူ တို့သည် ကိုယ်တော် မြတ်နှင့် မိဿဟာယဖွဲ့ရသောအခွင့်နှင့် ပဋိညာဉ် တရားတော်ကို သိ ရသော အခွင့်ရှိကြ၏။
ဆိုးယုတ် သော သူ နှင့်မ တရားသောသူ သည် ကောက်လိမ် သော စကား၌ ကျင်လည် တတ်၏။
ထာဝရဘုရား ကို ကြောက်ရွံ့ သောသဘောကား၊ ဒုစရိုက် ကိုမုန်း သောသဘောတည်း။ မာန ထောင်လွှားခြင်း၊ စော်ကား ခြင်း၊ မကောင်း သော လမ်း သို့လိုက်ခြင်း၊ ကောက် သောစကား ဖြင့်ပြောဆိုခြင်းတို့ကို ငါမုန်း ၏။
စိတ် နှလုံးသည် မိမိ ဒုက္ခ ကို သိ ၏။ စိတ်နှလုံးရွှင်လန်း ခြင်း အကြောင်းကိုလည်း သူတပါး မ ဆိုင် တတ်။
¶ ထို အခါ ယေရှု က၊ ကောင်းကင် နှင့် မြေကြီး ကို အစိုးရတော်မူသောအဘ ၊ ကိုယ်တော်သည် ပညာ အလိမ္မာ နှင့် ပြည့်စုံသောသူတို့အား ဤအရာ များကို ထိမ်ဝှက် ကွယ်ထားလျက် သူငယ် တို့အား ဖော်ပြ တော်မူသည်ဖြစ်၍ ၊ ကျေးဇူး တော်ကို အကျွန်ုပ်ချီးမွမ်းပါ၏။
ယေရှုကလည်း၊ သင် တို့သည် လူ များရှေ့ မှာ ဖြောင့်မတ် ဟန်ဆောင်သော်လည်း ၊ ဘုရားသခင် သည် သင် တို့၏စိတ်နှလုံး ကို သိမြင် တော်မူ၏။ လူ သဘော အားဖြင့် အမြတ် ထားသောအရာသည် ဘုရားသခင့် ရှေ့ တော်၌ စက်ဆုပ် ရွံရှာဘွယ်ဖြစ်၏။
ယခုမှစ၍ငါသည်သင် တို့ကို ကျွန် ဟူ၍မ ခေါ် ။ ကျွန် မူကား ၊ ကိုယ် သခင် ပြု သောအမှုကိုမ သိ ။ သင် တို့ကို အဆွေ ဟူ၍ငါခေါ် ၏။ အကြောင်းမူကား ၊ ငါ သည် ခမည်းတော် ထံ၌ ကြား သမျှသောအရာ တို့ကို သင် တို့ အား ငါပြသ ၏။