TSK

TSK · သုတ္တံကျမ်း။ 6:26

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

ထိုနောက်မှ သခင် ၏မယား သည် ယောသပ် ကို တပ် သောစိတ်ရှိ၍ ငါ နှင့်အတူ အိပ် ပါဟုဆို ၏။

သင် ၏ အမျိုး ၌ ကျန် ကြွင်းသော သူတိုင်း သူ့ ထံသို့ လာ ၍၊ ကျွန်တော်သည် မုန့် အနည်းငယ် ကို စားရမည် အကြောင်း၊ ယဇ် ပုရောဟိတ်အရာနှင့်ဆိုင်သော အမှုတစုံတခု ၌ ကျွန်တော် ကို စေခိုင်းပါလော့ ဟု ငွေ စ ၊ မုန့် စ ကို ရလိုသောငှါ၊ ရှိခိုးလျက် တောင်းပန်လိမ့်မည်ဟု အမိန့်တော်ကို ပြန်လေ၏။

ငှက် သည် မိမိ အသက် ဆုံးစေခြင်းငှါ ထောင် မှန်းကိုမ ရိပ်မိ ဘဲ၊ ကျော့ကွင်း ထဲသို့ အလျင် အမြန်ဝင်သကဲ့သို့ ၎င်း၊ လူပျိုသည် ထိုမိန်းမ နောက် သို့ ချက်ခြင်း လိုက်သွား တတ်၏။

မထီမဲ့မြင် ပြုသောသူ တို့ သည် မြို့ ကို မီးရှို့ တတ် ၏။ ပညာရှိ သောသူတို့ မူကား ၊ ဒေါသအမျက် ကို လွှဲ တတ် ၏။

အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဟောပြော ဆင့်ဆိုရမည်မှာ၊ အသက် ဝိညာဉ်တို့ကို ဘမ်း ခြင်းငှါ ခပ်သိမ်း သောသူတို့ ၏နံပါး၌ ခေါင်းအုံး ကိုထည့် ၍ ၊ လူအကြီးအငယ်တို့ခေါင်း ပေါ် မှာ ဦးထုပ် တို့ကို တင်ထား သောမိန်းမတို့သည် အမင်္ဂလာ ရှိကြ၏။ ငါ့ လူ တို့၏ အသက် ဝိညာဉ်ကို ဘမ်း ၍ ၊ ကိုယ်အသက် ဝိညာဉ်ကို သေ ခြင်းမှ ကယ်ချွတ်ကြလိမ့်မည်လော။

ပြည်တန်ဆာ မိန်းမတို့နှင့် ပေါင်းဖေါ်၍ မိမိ ဥစ္စာ ကိုဖြုန်း သော ဤ သား ငယ်ရောက်လာ သောအခါ မူကား ၊ အဘ သည် ဆူ အောင်ကျွေးသော နွားကလေး ကို သတ် လေပြီတကားဟု ဆို ၏။