TSK

TSK · ဆာလံကျမ်း 111:9

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

အို ထာဝရဘုရား ၊ ဘုရား များတို့တွင် အဘယ်မည် သော ဘုရားသည် ကိုယ်တော် နှင့်တူ ပါသနည်း။ သန့်ရှင်း ခြင်းအားဖြင့် ဘုန်းကြီး တော်မူထသော၊ ချီးမွမ်းခြင်းကိုခံ စဉ်တွင်၊ ကြောက်မက် ဘွယ် ဖြစ်တော်မူထသော၊ အံ့ဘွယ် သောအမှုတို့ကို ပြု တော်မူသော၊ ကိုယ်တော် နှင့် အဘယ် ဘုရား တူ ပါသနည်း။

သင်သည် အဲဂုတ္တု ပြည် ၌ ကျွန် ခံ ခဲ့ဘူးကြောင်းကို ၎င်း ၊ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် ကို ရွေးနှုတ် တော်မူကြောင်း ကို၎င်း၊ အောက်မေ့ ရမည်။ ထိုကြောင့် ဤ ပညတ် ကို ယနေ့ ငါ ထား ၏။

ငါ့ အမျိုးအနွယ် သည် ဘုရား သခင့်ရှေ့ တော်၌ မြဲမြံ သည်မ ဟုတ်လော။ သေချာ စွာ စီရင်၍ မပျက်နိုင်သော နိစ္စ ထာဝရပဋိညာဉ် ကို ငါ နှင့် ဖွဲ့ တော်မူပြီ။ ထိုပဋိညာဉ်သည် ချက်ခြင်းမပြည့်စုံသော်လည်း၊ ငါ့ ကို ကယ်တင် ရာအကြောင်း၊ ငါအားရ နှစ်သက်ရာအကြောင်းဖြစ်၏။

ဘုရား သခင်သည် သန့်ရှင်း သူတို့၏ ပရိသတ် တွင် အလွန် ကြောက်ရွံ့ ဘွယ်ဖြစ်တော်မူ၏။ အထံ တော်၌ ပတ်လည် နေသောသူအပေါင်း တို့ထက် ရိုသေ ဘွယ် ဖြစ်တော်မူ၏။

ငါ့ တို့ဘုရား သခင်ထာဝရဘုရား ကို ချီးမြှောက် ကြလော့။ ခြေတော် တင်ရာ ခုံအောက် ၌ ပြပ်ဝပ်ကိုးကွယ် ကြလော့။ အကြောင်းမူကား ကိုယ်တော် သည် သန့်ရှင်း တော်မူသတည်း။

ကြောက်ရွံ့ ရိုသေသောသူတို့ကို ကျွေးမွေး တော်မူ ၏။ ပဋိညာဉ် တရားတော်ကို အစဉ် အောက်မေ့ တော်မူ ၏။

သူတို့ကလည်း၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် သန့်ရှင်း တော်မူ၏။ သန့်ရှင်း တော်မူ ၏။ သန့်ရှင်း တော်မူ၏။ မြေကြီး လုံး သည် ဘုန်း တော်နှင့် ပြည့် လေ၏ဟု တပါးကိုတပါး ကြွေးကြော် ၍ မြွက်ဆို ကြ ၏။

နူးညွတ်သော နား နှင့် ငါ့ ထံသို့ လာ ကြလော့။ နားထောင် ကြလော့။ သို့ပြုလျှင် သင် တို့၏ ဝိညာဉ် သည် အသက် ရှင်ရလိမ့်မည်။ ငါသည်လည်း ၊ သင် တို့နှင့် ထာဝရ ပဋိညာဉ် ပြု ၍၊ ဒါဝိဒ် ၌ မြဲမြံ သော ကျေးဇူးတော်ကို သင်တို့အားပေး မည်။

ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါထား သောနေ့ ပဋိညာဉ် နှင့် ညဉ့် ပဋိညာဉ် တရားကို သင်တို့သည် ဖျက် ၍၊ နေ့ ညဉ့် အပိုင်း အခြား မ ရှိ စေခြင်းငှါ တတ်နိုင် လျှင်၊

ငါ ၏နာမ တော်ကို ချီးမွမ်း လိုသောငှါ သင်တို့သည် နား မ ထောင်၊ နှလုံး မ သွင်း ဘဲနေလျှင် ၊ ကျိန် ခြင်းဘေးကို သင် တို့အပေါ် သို့ ငါလွှတ် လိုက်မည်။ သင် တို့၏ မင်္ဂလာ ကို အမင်္ဂလာ ဖြစ်စေမည်။ ထိုမျှမက ၊ နှလုံး မ သွင်း ဘဲနေသောကြောင့် ယခုပင် အမင်္ဂလာ ဖြစ်စေပြီ။

တန်ခိုး နှင့်ပြည့်စုံတော်မူသောဘုရား သည် အံ့ဘွယ် သောကျေးဇူးတော်ကို ငါ့ အားပြု တော်မူပြီ၊ ထိုဘုရား နာမ တော်သည် ရိုသေ ဘွယ်ဖြစ်တော်မူ၏။

ညီအစ်ကို တို့၊ လောကီ ဝေါဟာရအားဖြင့် ငါပြော မည်။ လူ သော်လည်း ဝန်ခံ စာကိုချုပ် ပြီးမှအဘယ်သူ မျှမပယ် ရ။ ထပ်ဆင့် ၍စကားကို မသွင်းရ။

ပိုင်ထိုက် တော်မူသောသူ တို့သည် ဘုန်း တော်ကို ချီးမွမ်း ခြင်းအကြောင်း နှင့် ရွေးနှုတ် တော်မူခြင်းသို့ မရောက်မှီကာလပတ်လုံးထိုဝိညာဉ်တော်သည် ငါ တို့ အမွေ ၏ စားရန် ဖြစ် တော်မူ၏။

ငါတို့အဘို့ထာဝရ ရွေးနှုတ် ခြင်းကျေးဇူးကိုခံရ၍ ဆိတ် အသွေး ၊ နွားကလေး အသွေးနှင့် မ ဟုတ်၊ မိမိ အသွေး တော်နှင့် သန့်ရှင်း ရာဌာနထဲသို့ တစ်ခါ တည်း ဝင် တော်မူ၏

မိ စဉ်ဘဆက်ကျင်လည်သော အချည်းနှီး ကျင့်ကြံ ပြုမူခြင်းမှ ၊ ရွှေ ငွေ အစရှိသောဖောက်ပြန် ပျက်စီးတတ်သော ဥစ္စာနှင့် သင်တို့ကို ရွေး တော်မူသည်မ ဟုတ်။

ကိုယ်တော်သည် အသေ သတ်ခြင်းကို ခံတော်မူသောအားဖြင့် ၊ အသီးအသီး ဘာသာ စကားကို ပြောသော လူ အမျိုး အနွယ် ခပ်သိမ်းတို့အထဲ မှအကျွန်ုပ် တို့ကိုယူ၍၊ အသွေး တော်နှင့် ဘုရားသခင် အဘို့ ရွေးနှုတ် တော်မူ၏။