TSK

TSK · ရောမဩဝါဒစာ။ 1:13

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

နောင်ကာလ၌ ယာကုပ် သည် အမြစ် ကျလိမ့်မည်။ ဣသရေလ သည် စိမ်း လန်း၍ အဖူး အငုံ ထွက်သဖြင့် ၊ လောကီ နိုင်ငံကို အသီး နှင့် ပြည့် စေလိမ့်မည်။

ငါအမှန်အကန် ဆို သည်ကား၊ မြေ ၌ ကျ သောစပါး စေ့ သည် မ ပျက် လျှင် တစ်ခု တည်းနေ ၏။ ပျက် လျှင် မူကား များစွာ သောအသီး ကို သီး တတ်၏။

ထိုမြို့သို့ရောက် ပြီးလျှင် သင်းဝင် သူ တို့ကို စုဝေး စေ၍၊ မိမိ တို့အားဖြင့် ဘုရားသခင် သည် ပြု တော်မူသမျှ တို့ကို၎င်း ၊ ယုံကြည် ခြင်း တံခါး ကို တစ်ပါး အမျိုးသားတို့အား ဖွင့် တော်မူကြောင်း ကို၎င်း ပြန်ကြား ကြ၏။

ဖြူဂိ ပြည်၊ ဂလာတိ ပြည် ကို ရှောက်သွား ပြီးမှ အာရှိ ပြည်၌ နှုတ်ကပတ် တရားတော်ကို မဟော စေခြင်းငှာသန့်ရှင်း သော ဝိညာဉ် တော်သည်မြစ်တား တော်မူသဖြင့်၊

ပေါလုသည်ထိုသူ များကို နှုတ်ဆက် ပြီးလျှင် ၊ မိမိ သည် ဓမ္မဆရာ အမှုကိုဆောင်ခြင်းအားဖြင့် ဘုရားသခင် သည် တစ်ပါး အမျိုးသားတို့တွင် ပြု တော်မူသမျှတို့ကို သေချာစွာထုတ်ဖေါ် ပြသလေ၏။

တစ်ပါး အမျိုးသားတို့သည် စကား အားဖြင့်၎င်း၊ အကျင့် အားဖြင့်၎င်း၊ နားထောင် စေခြင်းငှာ ၊ ခရစ်တော် သည် နိမိတ် လက္ခဏာ၊ အံ့ဘွယ် သောအမှုများ၌ ပါသောတန်ခိုး ၊ သန့်ရှင်းသော ဝိညာဉ် တော်၏ တန်ခိုး ကိုပြ၍၊ ငါ့ အားဖြင့် ပြု တော်မူသမျှ တို့ကိုသာ ငါပြော ဝံ့ ၏။

ငါ သည် အခြား သောသူတို့အား တမန်တော် မ ဖြစ်သော်လည်း ၊ သင် တို့အားတမန်တော်အမှန် ဖြစ် ၏။ အကြောင်းမူကား ၊ ငါသည် တမန်တော် မှန်သည်ဟု သင် တို့သည် တပည့်တော်ဖြစ် သောအားဖြင့် ငါ့ ကို တံဆိပ် ခတ်ကြ၏။

အစဉ်ဝန်ခံမည်ဟု ငါသဘောကျ လျက်ရှိ၍ ၊ သင်တို့သည်တဖန် ဆုကျေးဇူး တော်ကိုခံရ စေခြင်းငှာ ငါ သည်သင် တို့ဆီသို့ အရင် လာ မည်ဟု အကြံရှိ ၏။

ထိုမှတစ်ပါး ၊ ကိုယ်ငန်းကိုယ်တာကို လွန်ကျူး ၍ ပြုသောအမှုအရာ ကို ငါတို့ဝါကြွား ခြင်းမ ရှိဝံ့၊ ဘုရားသခင် ဝေငှ တော်မူသောအငန်းအတာ ၏ အတိုင်း အရှည် အတွင်း တွင်ပြုသော အရာကိုသာ ဝါကြွားခြင်းရှိဝံ့၏။ ထိုအတိုင်း အရှည်သည် သင် တို့တိုင်အောင် ပင် မှီ သတည်း။

ထိုတရားသည် လောကီ နိုင်ငံတရှောက် လုံးကို နှံ့ပြားသည်နှင့်အညီ ၊ သင်တို့ရှိရာသို့ ရောက်ခဲ့ပြီ။ သင် တို့၌ အသီး သီးခြင်း၊ တိုးပွား ခြင်းကို ပြုသည်နည်းတူ အရပ်ရပ်၌ပင် ပြုတတ်၏။

ငါ တို့ဟောပြော သော ဘုရားသခင် ၏ နှုတ်ကပတ် တရားကို သင်တို့သည် ခံယူ ကြသောအခါ ၊ လူ ၏ နှုတ်ထွက်စကား ကို မခံမယူဘဲ၊ ဘုရားသခင် ၏ နှုတ်ကပတ် တော်အမှန် ဖြစ် သည်နှင့်အညီ ၊ ယုံကြည် ခြင်း သို့ရောက်သော သင် တို့အထဲ ၌ ပြုပြင်သော ဘုရားသခင် ၏ နှုတ်ကပတ်တရားကို ခံယူ ကြသည် အကြောင်း အရာကို ငါ တို့သည် အစဉ်မပြတ် ချီးမွမ်း ကြ၏။

ညီအစ်ကို တို့၊ မြော်လင့် ခြင်းမ ရှိ သော အခြား သူတို့သည် ဝမ်းနည်းသကဲ့သို့ ၊ သင် တို့သည် ဝမ်း မ နည်းမည်အကြောင်း ၊ အိပ်ပျော် သော သူ တို့၏ အမှုအရာ ကို မ သိဘဲနေစေခြင်းငှာငါ တို့အလိုမ ရှိ၊

သူ တို့၌ အပြစ်တင်တော်မ မူပါစေနှင့်။ လူအပေါင်းတို့သည် စွန့်ပစ်ကြသော်လည်း၊ ဒေသနာတော် ကို အကုန်အစင်ဟောပြော ၍၊ ခပ်သိမ်း သောလူမျိုး တို့သည် ကြားသိ စေခြင်းငှာ ၊ သခင် ဘုရားသည် ငါ့ ဘက်၌ နေ ၍ ငါ့ ကို ခွန်အား နှင့် ပြည့်စုံ စေတော်မူသောကြောင့် ၊ ခြင်္သေ့ ခံတွင်း မှ ကယ်နှုတ် ခြင်းချမ်းသာကို ငါ ရ၏။