TSK

TSK · ရောမဩဝါဒစာ။ 2:13

Treasury of Scripture Knowledge references in မြန်မာကျမ်းစာ.

စာပိုဒ်သို့ ပြန်သွားရန်

¶ တဖန် မောရှေ သည် ဣသရေလ အမျိုးသားအပေါင်း တို့ကိုခေါ် ၍ ၊ အိုဣသရေလ အမျိုးသားတို့၊ ယနေ့ သင် တို့အား ငါ ဟောပြော သော စီရင် ထုံးဖွဲ့ချက်တို့ကို သင်တို့သည် သွန်သင် ၍ ကျင့် ခြင်းငှာ သတိ ပြုမည် အကြောင်းနားထောင် ကြလော့။

သင် နှင့် ဝေး သည်မဟုတ်။ တရားတော်ကို ငါ တို့ သည် နားထောင် ၍ စောင့်ရှောက် မည်အကြောင်း ၊ ကောင်းကင် သို့ အဘယ်သူ တက် ၍ ငါ တို့ထံသို့ ဆောင် ခဲ့ လိမ့်မည်နည်းဟုမေး စေခြင်းငှာ ကောင်းကင် ၌ ရှိသည် မ ဟုတ်။

သခင် ၊ သခင် ဟု ငါ့ ကိုလျှောက် သောသူ တိုင်း ကောင်းကင် နိုင်ငံ တော်သို့ ဝင် ရလိမ့်မည်မ ဟုတ်။ ကောင်းကင် ဘုံ၌ ရှိတော်မူသော ငါ့ ခမည်းတော် ၏အလို ကိုဆောင် သောသူ သာလျှင် ဝင်ရလိမ့်မည်။

¶ တရံရောအခါကျမ်းတတ် တစ် ယောက်သည်ထ ၍ ၊ အရှင် ဘုရား၊ ထာဝရ အသက် ကို အမွေ ခံရအံ့သောငှာအကျွန်ုပ်သည် အဘယ် အမှုကို ပြု ရပါမည်နည်းဟု ကိုယ်တော် ကို စုံစမ်းနှောင့်ရှက် ခြင်းငှာမေးလျှောက် သော်၊

ထိုသခင် ကိုယုံကြည် သောသူ ရှိသမျှ တို့သည် မောရှေ ၏ တရား အတိုင်း မ လွတ် နိုင် သော အပြစ်ရှိသမျှ တို့နှင့် လွတ် ရကြသည်ကို၎င်း သိမှတ် ကြလော့။

ထိုသို့ပညတ် တရားသည် ဒုစရိုက် အပြစ်ကို ထင်ရှား စေသည်ဖြစ်သောကြောင့် ၊ ပညတ် တရား၏ အကျင့် အားဖြင့် ဘုရားသခင့် ရှေ့ တော်၌ အဘယ်သူမျှ ဖြောင့်မတ် ရာသို့ မ ရောက်ရာ။

အကြောင်းမူကား၊ အရေဖျားလှီး ခြင်းကို ခံသောသူနှင့် မ ခံသောသူနှစ်ဦးကိုယုံကြည် ခြင်းအားဖြင့် ဖြောင့်မတ် ရာ၌တည်စေတော်မူသော ဘုရားသခင် တဆူတည်း ရှိတော်မူ၏။

မောရှေ ကလည်း ၊ ထိုအကျင့်ကို ကျင့် သောသူ သည် ထိုအကျင့် အားဖြင့် အသက် ရှင်လိမ့်မည်ဟု ပညတ် ၊ တရားနှင့်စပ်ဆိုင်သော ဖြောင့်မတ် ခြင်းတရားကို ရည်မှတ်၍ ရေး ထားသတည်း။

တဖန်တုံ၊ ဖြောင့်မတ် သောသူသည် ယုံကြည် ခြင်းအားဖြင့် အသက် ရှင်လိမ့်မည်။

ကိုယ်ကိုကိုယ် လှည့်ဖြား ၍ ၊ နှုတ်ကပတ် တရားကို နာ ရုံမျှသာ ပြုသောသူမ ဟုတ်၊ တရားကိုကျင့်သောသူ ဖြစ် ကြလော့။

ဘုရားသခင်သည် ဖြောင့်မတ် တော်မူသည်ကို သင်တို့သည်သိ လျှင် ၊ ဖြောင့်မတ် ခြင်းတရားကို ကျင့် သောသူ မည်သည်ကား၊ ဘုရားသခင် ဖြစ် ဘွား စေတော်မူသောသူဖြစ်သည်ကို သိ ရကြ၏။