မြို့ ပြင်သို့ရောက် ၍ မ ဝေး သေးသောအခါ ၊ ယောသပ် သည် ဝန်စာရေး ကို ခေါ် ၍၊ ထိုသူ တို့ကို မြန်မြန်လိုက် လော့။ မှီ သောအခါ သင်တို့သည် ကျေးဇူး ကို မကောင်း သောအမှုနှင့် အဘယ်ကြောင့် ဆပ် ကြသနည်း။
TSK
TSK · ဓမ္မရာဇဝင်ပဋ္ဌမစောင် 25:21
مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.
လူမိုက် သား ၊ လူယုတ်သား ဖြစ်၍၊ အရပ် ရပ်နှင်ထုတ် ခြင်းကိုခံရကြ၏။
အမျက် မ ထွက်စေနှင့်။ ဒေါသ စိတ်ကို စွန့်ပယ် လော့။ ပြစ်မှား စေခြင်းငှါ တိုက်တွန်းတတ်သောစိတ် မ ရှိစေနှင့်။
မနာလို သောစိတ်နှင့် စကား ပြောလျက် ၊ အကျွန်ုပ် ကိုဝိုင်း ၍ အကြောင်း မရှိဘဲ စစ်တိုက် ကြပါ၏။
ကျေးဇူး ပြုသောအတွက် အပြစ် ပေး သင့်ပါမည် လော။ သူတို့သည် အကျွန်ုပ် အသက် ဘို့ တွင်း ကိုတူး ကြ ပါပြီ။ အကျွန်ုပ်သည် သူ တို့ အကျိုး အလိုငှါ လျှောက် ၍၊ သူ တို့မှ အမျက် တော်ကို လွှဲ ခြင်းငှါ ၊ ရှေ့ တော်၌ ရပ် နေကြောင်းကို အောက်မေ့ တော်မူပါ။
အမျက်ထွက် ရာတွင် အပြစ် မ ရှိစေနှင့်။
သူတစ်ပါး ၌အဘယ်သူ မျှရန်တုံ့ မ မူစေခြင်းငှာ သတိပြု ၍၊ အချင်းချင်း တို့၌ ၎င်း၊ ခပ်သိမ်း သောသူတို့၌ ၎င်း၊ ကာလအစဉ် ကြိုးစား ၍ ကျေးဇူး ပြုကြလော့။
သင်တို့သည် ကောင်းကြီး မင်္ဂလာကိုအမွေခံ စေခြင်းအလိုငှာ ခေါ် တော်မူသောသူ ဖြစ်သည်ဟု သိမှတ် ၍၊ အချင်းချင်းရန်တုံ့ မ မူ၊ ပြန်၍ မကဲ့ရဲ့ ၊ မေတ္တာပို့ခြင်းကို ပြုကြလော့။