ငါ့ ရှေ့ ၊ စားပွဲ ပေါ် မှာ ရှေ့ တော်မုန့် ကို အစဉ် တင် ရမည်။
TSK
TSK · ရာဇဝင်ချုပ်ဒုတိယစောင်။ 2:3
مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.
နေ့ တိုင်း အစဉ်မပြတ် နံနက် ယံ၌ တ ကောင်၊ ညဦး ယံ၌ တ ကောင်ကို ပူဇော် ရမည်။
အာရုန် သည် နံနက် တိုင်း မီးခွက် တို့ကို ပြင်သောအခါ၊ ထိုပလ္လင်ပေါ်မှာ မွှေး သော နံ့သာ ပေါင်းကို ရှို့ ရမည်။
သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ သင်တို့သည် စီရင် ရသောဓမ္မစည်းဝေး ခြင်းတည်းဟူသောငါ ထာဝရဘုရား ၏ ပွဲတော် များဟူမူကား၊
လဆန်း တရက်နေ့၌ ၊ အသက်ပျို သော နွားထီး နှစ် ကောင်၊ သိုးထီး တ ကောင်၊ အခါမလည် ၊ အပြစ် မပါသော သိုးသငယ်ခုနစ် ကောင်တို့ကို၊ ထာဝရဘုရား အား မီးရှို့ ရာယဇ်ပြု၍ ပူဇော် ရမည်။
¶ ရှောလမုန် ကို ခမည်းတော် အရာ ၌ ဘိသိက် ပေး ကြောင်း ကို တုရု မင်းကြီး ဟိရံ သည် ကြား လျှင် ၊ ဒါဝိဒ် နှင့် အစဉ် မိတ်ဆွေ ဖွဲ့သောသူဖြစ်၍ ၊ မိမိ ကျွန် တို့ကို စေလွှတ် လေ၏။
¶ တုရု မင်းကြီး ဟိရံ သည် ဒါဝိဒ် အဘို့ နန်း တော်ကို တည်ဆောက် ခြင်းငှါ ၊ သံတမန် နှင့်တကွအာရဇ် သစ်သား ၊ လက်သမား ၊ ပန်းရန်သမား တို့ကို စေလွှတ် လေ၏။
ထိုမှတပါး ဥပုသ် နေ့နှင့် လဆန်း နေ့၌၎င်း၊ အဇုမ ပွဲ ၊ ခုနစ် သိတင်းပွဲ ၊ သကေနေ ပွဲ တည်းဟူသော တနှစ်တနှစ်လျှင် ဓမ္မပွဲသုံး ပွဲ ခံသောနေ့ ၌၎င်း ယဇ်ပူဇော်လေ့ရှိ၏။
လက်စသတ် သောအခါ ၊ ကျန်ကြွင်း သောငွေ ကို ရှင်ဘုရင် နှင့် ယောယဒ ထံသို့ ယူခဲ့ ၍ ၊ ထိုငွေနှင့် ဗိမာန် တော်၌ အမှုတော်ကို ဆောင်ရွက်ပူဇော်ရန် တန်ဆာ၊ ရွှေ ဖလား ၊ ငွေ ဖလား၊ ဇွန်း များကိုလုပ် ကြ၏။ ယောယဒ လက်ထက် ကာလ ပတ်လုံး၊ ဗိမာန် တော်၌ မီးရှို့ ရာယဇ်ကို အစဉ်ပူဇော်ကြ၏။
ပညတ္တိ ကျမ်းစာ၌ ရေး ထားသည်အတိုင်း ၊ ငါ တို့ဘုရား သခင်ထာဝရဘုရား ၏ ယဇ် ပလ္လင်ပေါ် မှာ မီး မွေးစရာထင်း ပူဇော် သက္ကာကို ၊ တနှစ် တနှစ် လျှင် ချိန်းချက် သော အချိန် တို့၌ ၊ အဆွေ အမျိုးအလိုက် ငါ တို့ ဘုရား သခင်၏ အိမ် တော်သို့ ဆောင် ခဲ့ရမည် အကြောင်း ၊ ယဇ်ပုရောဟိတ် လေဝိ သားပြည်သူ ပြည်သားတို့သည် စာရေးတံ ပြုကြ၏။