TSK

TSK · ရာဇဝင်ချုပ်ဒုတိယစောင်။ 33:13

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

သင်တို့သည် မုန့် ကိုမ စား။ စပျစ်ရည် နှင့် သေရည် သေရက်ကို မ သောက် ဘဲ နေသောကြောင့် ၊ ထာဝရဘုရား သည် သင် တို့၏ ဘုရားသခင် ဖြစ်ကြောင်းကို သိ ရ၏။

¶ လူ အပေါင်း တို့သည် မြင် လျှင် ပြပ်ဝပ် ၍ ၊ ထာဝရဘုရား သည် ဘုရားသခင် ဖြစ်တော်မူ၏။ ထာဝရဘုရား သည် ဘုရားသခင် ဖြစ်တော်မူ၏ဟု ဝန်ခံ ကြ၏။

စစ်တိုက် သောအခါ ဘုရားသခင် ကို ကိုးစား ၍ ဆုတောင်း သောကြောင့် ၊ ဘုရားသခင် မစ တော်မူ ခြင်းကျေးဇူးအားဖြင့်၊ ဟာဂရ လူတို့နှင့် သူ တို့ဥစ္စာ ရှိသမျှ ကိုရ ကြ၏။

ဤ အရပ် ကို ၎င်း ၊ ဤအရပ်သားတို့ကို၎င်း၊ ငါခြိမ်းချောက်သော စကား ကို သင် သည်ကြား သောအခါ ၊ နူးညံ့ သောစိတ်ရှိ၍ ၊ ဘုရားသခင့်ရှေ့ တော်၌ ကိုယ်ကိုနှိမ့်ချ ခြင်း၊ ကိုယ် အဝတ် ကိုဆုတ် ခြင်း၊ ငါ့ ရှေ့ မှာ ငိုကြွေး ခြင်းကိုပြုသောကြောင့် ၊ သင့်စကား ကို ငါ နားထောင် ၏။

ထိုအမှုကြောင့်၊ ငါတို့သည်အစာ ရှောင်၍ ၊ ငါ တို့ ဘုရား သခင်ကို ဆုတောင်း လျက်နေကြ၏။ ဘုရားသခင်လည်း နားထောင် တော်မူ၏။

အနန္တ တန်ခိုးရှင်ထံ တော်သို့ ပြန်လာ လျှင် ၊ တည်ဆောက် ခြင်းရှိလိမ့်မည်။ သင့် အိမ် မှ ဒုစရိုက် ကို ပယ်ရှား လျှင်၊

ဘုရားသခင်သည် လူ ၏နား ကို ဖွင့် ၍ ဆုံးမ ပေးတော်မူတတ်၏။

စကားတော်ကိုနားထောင် ၍ အမှုတော်ကိုဆောင်ရွက် လျှင် ၊ စည်းစိမ် ချမ်းသာနှင့် ပျော်မွေ့ လျက်၊ နှစ် လနေ့ ရက်ကာလကို လွန် စေတတ်ကြ၏။

ငါ သည် အပြစ်ကိုမဘော်မပြဘဲ နေစဉ်အခါ ၊ တနေ့လုံး ညည်းတွား သောအားဖြင့် ၊ ငါ့ အရိုး တို့သည် ဆွေးမြေ့ ခြင်းသို့ ရောက်ကြ၏။

ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား သည် ငါ တို့နှင့်အတူ ရှိတော်မူ၏။ ယာကုပ် ၏ ဘုရား သခင်သည် ငါ တို့ခိုလှုံ ရာဖြစ်တော်မူ၏။

ဆင်းရဲ ခံရသောအခါ ၊ ထာဝရဘုရား ကို အော်ဟစ် ၍ ဆင်းရဲ ဒုက္ခထဲ က ကယ်တင် တော်မူ၏။

¶ ရှင်ဘုရင် ၏ စိတ် နှလုံးသည် ရေ ချောင်း ကဲ့သို့ဖြစ်၍၊ ထာဝရဘုရား ၏ လက် တော်၌ ရှိသဖြင့်၊ အလို တော်ရှိသည်အတိုင်း လှည့် စေတော်မူ၏။

ဆိုး သောသူသည် မိမိ လမ်း ကို၎င်း ၊ မတရား သောသူ သည် မိမိ အကြံ တို့ကို၎င်းစွန့်ပစ် ၍ ၊ ထာဝရဘုရား ထံ တော်သို့ ပြောင်းလဲ ပါစေ။ သို့ပြုလျှင် သနား တော်မူလိမ့်မည်။ ငါ တို့ ဘုရား သခင့်ထံ တော်သို့ ပြောင်းလဲပါစေ။ သို့ပြုလျှင်အထူးသဖြင့်အပြစ်ကို လွှတ် တော်မူလိမ့်မည်။

တဖန် မိန့်တော်မူ သည်ကား၊ သင်တို့သည် ငါ့ ကိုခေါ် ၍ သွား လာကြလိမ့်မည်။ ဆုတောင်း သောအခါ သင် တို့စကားကို ငါနားထောင် မည်။

ကိုယ်တော် ကို လူစု ထဲက နှင်ထုတ် ၍ ၊ မြေ တိရစ္ဆာန် တို့နှင့်အတူ နေရာ ချကြလိမ့်မည်။ အမြင့်ဆုံး သောဘုရားသည် လောကီ နိုင်ငံ ကို အုပ်စိုး ၍၊ ပေးလို သော သူ တို့ အား ပေး တော်မူသည်ကို ကိုယ်တော်မသိ မ မှတ်မှီကာလ၊ ခုနစ် နှစ်ပတ်လုံးနွား ကဲ့သို့ မြက် ကိုစား ၍ ၊ မိုဃ်း စွတ်ခြင်းကိုခံ လျက်နေရမည်။

ဘုရားသခင် ၏နိုင်ငံ တော်နှင့် ဖြောင့်မတ် ခြင်းတရားတော်ကို ရှေးဦးစွာ ရှာ ကြလော့။ နောက်မှ ထိုအရာ များကို ထပ် ၍ပေးတော်မူလတံ့။

သခင်၊ ကိုယ်တော် သည် နိုင်ငံ တော်တည် လျက်ကြွလာ တော်မူသောအခါ အကျွန်ုပ် ကို အောက်မေ့ တော်မူပါဟု ယေရှု ကို လျှောက်ဆို ၏။

ထာဝရ အသက် ဟူမူကား၊ မှန် သောဘုရားသခင် တစ်ဆူတည်း ဖြစ်တော်မူသော ကိုယ်တော် ကို၎င်း ၊ စေလွှတ် တော်မူသော ယေရှု ခရစ် ကို၎င်းသိကျွမ်း ခြင်းတည်း။