ဂိဗောင် လူတို့က၊ ကျွန်တော် တို့သည်ရှောလု နှင့် သူ ၏အမျိုး ၌ ရွှေ ငွေ ကိုမ တောင်းပါ။ ကျွန်တော် တို့ အတွက် ဣသရေလ အမျိုးသားတစုံတယောက် ကိုမျှ ကိုယ်တော်သည် မ သတ် ရဟု ပြန် လျှောက်ကြသော် ၊ သင် တို့တောင်း သည်အတိုင်း ငါပြု မည်ဟု မိန့် တော်မူ၏။