အကြောင်းမူကား ၊ သူ သည် မိမိ နောက် ၌ ဖြစ်သော သား များ၊ အိမ်သူ များတို့အား ပညတ် မည့်အရာကို ငါသိ၏။ သူတို့သည်လည်း ထာဝရဘုရား ၏ တရား လမ်းသို့ လိုက် ၍ ဟုတ်မှန် ဖြောင့်မတ် ကျင့် ကြ လိမ့်မည်။ သို့ဖြစ်၍ ဂတိတော် ရှိသည့်အတိုင်း ၊ ထာဝရဘုရား သည် အာဗြဟံ ၌ ပြုရသော အခွင့်ရှိလိမ့်မည်ဟု အကြံတော်ရှိ၏။
TSK
TSK · တမန်တော်ဝတ္ထု။ 13:10
مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.
နေ အောက် မှာ ပြု သမျှ သောအမှု၌ ပါသောဝမ်းနည်း စရာဟူမူကား ၊ ခပ်သိမ်း သောသူတို့သည် တခု တည်း သောအမှု နှင့် တွေ့ကြုံရကြ၏။ အကယ် စင်စစ်လူ သား တို့ ၏ စိတ် နှလုံးသည် ဒုစရိုက် သဘောနှင့်ပြည့် ၏။ အသက်ရှင် စဉ်အခါ ၊ သူ တို့သည် ရူး သောစိတ် ကို စွဲလမ်း၍ ၊ နောက် တဖန် သေ သွားတတ်ကြ၏။
အဘယ်သူ သည်ပညာရှိ သနည်း။ ထိုသူသည် ဤ အရာတို့ကို နားလည် လိမ့်မည်။ အဘယ်သူသည် ဉာဏ် ကောင်းသနည်း။ ထိုသူသည် ဤ အရာတို့ကို သိ ရလိမ့်မည်။ ထာဝရဘုရား ၏လမ်း တော်တို့သည် ဖြောင့် ကြ၏။ ဖြောင့်မတ် သောသူတို့ သည် လိုက် ကြလိမ့်မည်။ အဓမ္မ လူတို့မူကား ၊ ထို လမ်းတို့၌ ထိမိ၍ လဲ ကြလိမ့်မည်။
လယ် ကား ဤလောက ဖြစ် ၏။ ကောင်း သောအစေ့ ကား နိုင်ငံ တော်သား ဖြစ် ၏။ တော မျိုးစေ့ကား နတ်ဆိုး သား ဖြစ် ၏။
လျှို့ဝှက် သောကျမ်းပြု ဆရာ၊ ဖာရိရှဲ တို့၊ သင် တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ကောင်းကင် နိုင်ငံ တော်၏ တံခါးကိုလူတို့ ရှေ့ မှာပိတ် ထား၍ မိမိ တို့လည်းမ ဝင် ၊ ဝင် လိုသောသူ တို့ကိုလည်း ဆီးတား ကြ၏။
သခင် ဘုရားကလည်း ၊ ဖာရိရှဲ ဖြစ်သော သင် တို့သည် ဖလား ၊ လင်ပန်း ကိုအပြင် ၌ ဆေးကြော ကြ၏။ အတွင်း ၌ကား လုယူ ခြင်း၊ ဆိုးညစ် ခြင်းနှင့် ပြည့် လျက်ရှိ၏။
¶ ယောဟန်ကလည်း၊ ငါ သည်ပရောဖက် ဟေရှာယ ဟောပြော သည်နှင့်အညီ ၊ ထာဝရ ဘုရား၏ လမ်းခရီး တော်ကို ဖြောင့် စေကြလော့ဟု တော ၌ ဟစ်ကြော် သောသူ၏အသံ ဖြစ်သည်ဟု ဆို ၏။
ပေတရု က၊ ဘုရားသခင် ၏ကျေးဇူး တော်ကို ငွေ နှင့်ဝယ်ယူ မည် ဟု အကြံရှိ သောကြောင့် ၊ သင် နှင့်တကွ သင် ၏ ငွေ သည်ပျက်စီး ခြင်းသို့ ရောက် ပါစေ။
တပည့် တော်များကိုသွေးဆောင် ခြင်းငှာ၊ မှား သောစကားကို ပြော တတ်သောလူ တို့သည် သင် တို့အထဲ ၌လည်း ပေါ်လာ မည်ကို၎င်း ငါ သိ ၏။
ထိုဧဝံဂေလိ တရားသည် ဧဝံဂေလိ တရားမ ဟုတ် ။ သင် တို့ကို နှောက်ယှက် ၍ ခရစ်တော် ၏ ဧဝံဂေလိ တရားကို မှောက် လှန်ချင် သောသူ အချို့ ရှိ ကြ၏။
မာရ်နတ် သည်ရှေ့ဦးစွာ မှစ၍ ဒုစရိုက် ကိုပြု သောသူ ဖြစ် သောကြောင့် ၊ အကြင်သူသည်ဒုစရိုက် ကို ပြု၏။ ထိုသူသည်မာရ်နတ် နှင့် ဆိုင်၏။ မာရ်နတ် အမှု တို့ကို ပယ်ဖျက် ခြင်းငှာ ၊ ဘုရားသခင် ၏ သား တော်သည် ထင်ရှား ပေါ်ထွန်းတော်မူ၏။